www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 24, 2015

မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ်နှင့် ရေကြောင်းသိပ္ပံကောလိပ် တို့မှ ထူးချွန်ကျောင်းသား များကို တောင်ကိုရီးယားနိုင်ငံ ရေကြောင့်နှင့် သက်ဆိုင်သည့် တက္ကသိုလ်များမှ ဆရာများအဖြစ် လုပ်ခန့်မည်


ရန်ကုန် ၊ ၂၄-၁၁-၂၀၁၅

၂ဝ၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ ရေကြောင်း ပညာတက္ကသိုလ် နှင့် ရေကြောင်းသိပ္ပံ ကောလိပ်တို့မှ ထွက်ပေါ်လာသည့် ထူးချွန် မြန်မာလူငယ် ကျောင်းသားများကို တောင်ကိုရီးယား နိုင်ငံရှိ ရေကြောင်းနှင့် သက်ဆိုင်သည့် တက္ကသိုလ် များမှ သင်္ဘောလုပ်ငန်း နှင့် သက်ဆိုင်သည့် ဘာသာရပ်များ သင်ကြားပေးရန် သင်ဆရာများ အဖြစ် အလုပ်ခန့် အပ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံရှိ ရေကြောင်းနှင့် သက်ဆိုင်သည့် တက္ကသိုလ် များမှ မြန်မာနိုင်ငံရုံးခွဲ ကိုယ်စားလှယ် များ၏ ပြောကြားချက် အရ သိရသည်။

''မြန်မာနိုင်ငံနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံက ရေကြောင်း လောကမှာ အပြန်အလှန် ကူညီပေးနေတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရေကြောင်းပညာ တက္ကသိုလ်နဲ့ ရေကြောင်းသိပ္ပံ ကောလိပ် ကျောင်းသား တွေက ထူးချွန်ထက်မြက် တာကြောင့် သူတို့ရဲ့ အတွေ့အကြုံ တွေကို တောင်ကိုရီးယား နိုင်ငံက ရေကြောင်း ဘာသာရပ် တွေကို လေ့လာနေတဲ့ လူငယ်တွေ ရရှိအောင်လို့ မြန်မာ ကျောင်းသား တွေကို ဆရာအဖြစ် ရေရှည်မှာ အလုပ် ခန့်အပ် သွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဆရာအဖြစ် လာရောက် လုပ်ကိုင်မယ့် မြန်မာ ကျောင်းသားတွေကို လစာအပြင် တခြား အခွင့်အလမ်း များစွာကို ပေးဖို့လည်း စီစဉ် ထားပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

တောင်ကိုရီးယား  နိုင်ငံရှိ ရေကြောင်းနှင့် သက်ဆိုင်သည့် တက္ကသိုလ် များသည် မြန်မာ ကျောင်းသားများကို ဆရာများအဖြစ် အလုပ်ခန့်အပ် ရာတွင် လစာငွေကို သင်ကြား နေသော ဘာသာရပ် အပေါ် မူတည်၍ အမေရိကန် ဒေါ်လာ ထောင်ဂဏန်း မှစ၍ သောင်းဂဏန်း အထိ ပေးသွားရန် စီစဉ်ထားပြီး မြန်မာ ကျောင်းသားများကို ၂ဝ၁၆ ခုနှစ် နှစ်လယ်ပိုင်းတွင် ဆရာများ အဖြစ် အလုပ် ခန့်အပ်ရန် လျာထားကြောင်း သိရသည်။

ထို့ပြင် မြန်မာ ကျောင်းသား များသည် တောင်ကိုရီးယား နိုင်ငံရှိ အဆိုပါ တက္ကသိုလ် များသို့ ရောက်ရှိသည့်အခါ သင်္ဘော တည်ဆောက်ခြင်း လုပ်ငန်း၊ သင်္ဘောကျင်း နှင့်သက်ဆိုင်သည့် လုပ်ငန်းနှင့် သင်္ဘောသားများ သင်ယူ ရမည့် စာတွေ့လက်တွေ့ များကို သင်ကြား ပေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (မင်းသော်တာလွင်)

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger