www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 4, 2015

သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ် အတွက် စက်ပစ္စည်းနှင့် နည်းပညာပိုင်းအား အိန္ဒိယနိုင်ငံမှ ငါးနှစ်စီမံကိန်းဖြင့် ကူညီမည်


ရန်ကုန် ၊ ၄-၁၁-၂၀၁၅

သတင်း အချက်အလက် နှင့် နည်းပညာ တက္ကသိုလ် (မန္တလေး)ရှိ ပင်မဆောင် ခြောက်ဆောင်အား မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရေး ဖလှယ်မှုနှင့် သတင်း အချက်အလက် နည်းပညာ တိုးတက် လာစေရန် ရည်ရွယ်၍ ယင်း တက္ကသိုလ်ကို အောက်တိုဘာ လကုန်က ဖွင့်လှစ်ပေးခဲ့ပြီး အိန္ဒိယ နိုင်ငံမှ ယင်းတက္ကသိုလ် အတွက် သင်ထောက်ကူ ပစ္စည်းများ၊ နည်းပညာများ နှင့် သင်ကြားပေးမည့် ပညာရှင်များကို ငါးနှစ် စီမံကိန်းဖြင့် ကူညီမှု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

''ဒီတက္ကသိုလ်ကြီးကို အောက်တိုဘာ လကုန်ကစပြီး ဖွင့်လှစ်ပေးခဲ့ ပါပြီ။ မြန်မာနိုင်ငံက လူငယ်တွေ သတင်း အချက်အလက်နည်း ပညာတွေ တိုးတက်ဖို့၊ နိုင်ငံတကာက နည်းပညာ အတတ်ပညာ တွေရရှိစေဖို့၊ နည်းပညာ အသုံးပြု သုတေသန လုပ်ငန်းတွေ တိုးတက် စေဖို့နဲ့ နည်းပညာ အခြေခံ စီးပွားရေး တိုးတက် လာစေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ် ခဲ့တာပါ။ ပြီးတော့ မြန်မာနိုင်ငံမှာပဲ နိုင်ငံတကာ အဆင့်မီ နည်းပညာရပ် တွေကို သင်ကြား လေ့လာခွင့် ရတာဟာ အခွင့်အရေး ကောင်းတစ်ခု ဖြစ်မှာပါ။ ဒီမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ တခြားကဏ္ဍ ပေါင်းစုံဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူ ပြုနိုင်မှာပါ။ ဒါကြောင့် ငါးနှစ်စီမံကိန်း ချမှတ်ပြီး ကူညီမှုတွေ ပြုလုပ်သွား မှာပါ'' ဟု မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် မှစပြီး ပထမနှစ် ဘွဲ့ကြို သင်တန်းအတွက် B.E (Hons) Computer Science and Engineering နှင့် B.E (Hons) Electronics and Communication ဘွဲ့များနှင့် ဘွဲ့လွန် ဒီပလိုမာ သင် တန်း၌ PGDSD (Post Graduate Diploma and Software Development) ဘွဲ့များကို ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger