www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 5, 2015

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ ပထမသက်တမ်း အထိမ်းအမှတ် ငွေဒင်္ဂါးထုတ်ဝေမည်


ငွေဒင်္ဂါးပြား၏ ရှေ့ဘက်

ငွေဒင်္ဂါးပြား၏ ကျောဘက်

နေပြည်တော် ၊ ၅-၁၁-၂ဝ၁၅

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကို ကျင့်သုံး၍ ဖွဲ့စည်းခဲ့သော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ ပြည်ထောင်စု အစိုးရအဖွဲ့ ပထမသက်တမ်း အထိမ်းအမှတ် အဖြစ် ငါးထောင်ကျပ်တန် ငွေဒင်္ဂါးကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ဝေမည် ဖြစ်သည်။ အထိမ်းအမှတ် အတွက် ထုတ်ဝေသည့် ဒင်္ဂါးသည် ငွေစင်ငွေသား ၉၂ ဒသမ ၅ဝ ရာခိုင်နှုန်းဖြင့် သွန်းလုပ်ထားပြီး အလေးချိန် ၂ဝ ဂရမ်နှင့် အချင်း ၂၅ မီလီမီတာ ရှိသည်။

အထိမ်းအမှတ် ဒင်္ဂါး၏ ရှေ့ဘက်တွင် နိုင်ငံတော် အထိမ်းအမှတ် တံဆိပ် ရိုက်နှိပ်ထားပြီး အထိမ်းအမှတ် တံဆိပ် အောက်ဘက်တွင် ၅ဝဝဝ ကျပ်နှင့် ထုတ်လုပ်သည့် နှစ် ၂ဝ၁၅ ဟု ပါရှိသည်။

ငွေဒင်္ဂါး၏ ရှေ့ဘက် ပတ်လည် အပေါ်ဘက်တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ ဟုလည်းကောင်း၊ အောက်ဘက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဟု လည်းကောင်း ပါရှိသည်။

အထိမ်းအမှတ် ဒင်္ဂါး၏ ကျောဘက်တွင် တော်ဝင် ဆင်ဖြူတော်ပုံ ရိုက်နှိပ်ထားပြီး ဆင်ဖြူတော်ပုံ ၏ အောက်တွင် 5000 Kyats နှင့် ထုတ်လုပ်သည့် ခုနှစ် 2015 ဟုပါရှိသည်။ ငွေဒင်္ဂါး ကျောဘက် ပတ်လည် အပေါ်ဘက်တွင် THE GOVERNMENT OF THE REPUBLIC OF THE UNION OF MYANMAR ဟုလည်းကောင်း၊ အောက်ဘက်တွင် CENTRAL BANK OF MYANMAR ဟုလည်းကောင်း ပါရှိသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ ပထမသက်တမ်း အထိမ်းအမှတ် ငွေဒင်္ဂါးကို အကန့်အသတ်ဖြင့် သွန်းလုပ်ခြင်း ဖြစ်ပြီး ဝယ်ယူလိုပါက မြန်မာ့ ကျောက်မျက် ရတနာလုပ်ငန်း အရောင်းဆိုင် များတွင် ငွေကျပ် ၃ဝဝဝဝ နှုန်းဖြင့် ရောင်းချမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၏ ထုတ်ပြန်ချက် အရ သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger