www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 13, 2015

ပညာရေးဝန်ကြီးဌာန နှင့် ယူနီဆက်တို့ ပူးပေါင်း၍ ကျောင်းပြင်ပ မူလတန်းပညာရေး ကို မြို့နယ် ၄၂၁ မြို့နယ်တွင် အကောင်အထည်ဖော် နိုင်ခဲ့


မန္တလေး ၊ ၁၃-၁၁-၂၀၁၅

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ကျောင်းပြင်ပ မူလတန်း ပညာရေး ကို ပညာရေးဝန်ကြီး ဌာနနှင့် ယူနီဆက်တို့ ပူးပေါင်း၍ မြို့နယ် ၄၂၁ မြို့နယ်တွင် အကောင် အထည်ဖော် နိုင်ခဲ့ကြောင်း ပြည်ကြီးတံခွန် မြို့နယ် ပညာရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ ကျောင်းပြင်ပ မူလတန်း ပညာရေး ဆိုသည်မှာ ကျောင်းပြင်ပ မူလတန်း ပညာရေး (Non- Formal Primary Education -NFPE) သည် (Non - Formal Education-NFE) ပုံမှန် မဟုတ်သည့် နည်းလမ်းဖြင့် မူလတန်း ပညာရရှိစေသည့် ပညာရေး ဖြစ်ပြီး ၄င်း NFPE သည် ရပ်ရွာဒေသ အလိုက် လက်တွေ့ဘဝ ထဲမှာပင် ပြောင်းလွယ် ပြင်လွယ် ဆောင်ရွက်ရသည့် လုပ်ငန်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကျောင်းပြင်ပ မူလတန်း ပညာရေးကို ၁၉၉၈ ခုနှစ် မှစ၍ မြို့နယ်ပေါင်း ၁၁ မြို့နယ်ကို စမ်းသပ် ဆောင်ရွက် နိုင်ခဲ့ကြောင်း၊ ၂ဝဝ၂-၂ဝဝ၃ မှ ၂ဝဝ၇-၂ဝဝ၈ ထိ မြို့နယ် ၅၉ မြို့နယ်ကို ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက် နိုင်ခဲ့ကြောင်း၊ ကျောင်းပြင်ပ မူလတန်း ပညာရေး လုပ်ငန်း ဆောင်ရွက်ရာတွင် ပြင်ပအလှူရှင် များလည်း ပူးပေါင်း ပါဝင်ခဲ့ရာ ၂ဝဝ၈-၂ဝဝ၉ ပညာသင်နှစ်မှ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် ထိ မြန်မာနိုင်ငံ တစ်ဝန်းလုံး မြို့နယ်ပေါင်း ၄၂၁ မြို့နယ်ထိ အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင် ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းပြင်ပ မူလတန်း ပညာရေးလုပ်ငန်း သင်ကြား ဆောင်ရွက်ရာတွင် ကလေးများ အဆင်အပြေဆုံး အချိန်နှင့် အဆင်ပြေဆုံး နေရာတွင် သင်ကြားပေးခြင်း ဖြစ်ပြီး NFPE ဆရာ၊ ဆရာမ များနှင့် ပညာရေးဌာနမှ ဆရာ၊ ဆရာမများက သင်ကြား ပေးကြောင်း သိရသည်။ (၁၈၅)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger