www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 4, 2015

တစ်နာရီလျှင် မိုင် ၄၀၀၀ နှုန်းသွားနိုင်မည့် အင်ဂျင်သစ်ဖန်တီးရန် ဗြိတိန်နည်းပညာကုမ္ပဏီ ပြင်ဆင်




လန်ဒန် ၊ ၄-၁၁-၂၀၁၅

ဗြိတိန် နည်းပညာကုမ္ပဏီ များထဲတွင် အင်အားကြီး ကုမ္ပဏီတစ်ခု ဖြစ်သော BAE သည် တစ်နာရီလျှင် မိုင် ၄ဝဝဝ နှုန်း သွားနိုင်မည့် အင်ဂျင်သစ်ကို ဖန်တီးရန် ပြင်ဆင်လျက် ရှိကြောင်း အင်္ဂလန် နေ့စဉ်ထုတ် သတင်းစာ များမှ ဖော်ပြသည်။

အဆိုပါအင်ဂျင် အမျိုးအစားသစ်ကို Reaction Engines ကုမ္ပဏီမှ တည်ဆောက်မှုများ စတင်ပြုလုပ် လျက်ရှိရာ အောင်မြင်သည့် အခြေအနေ ကောင်းများ ပေါ်ထွက်လာ ခြင်းကြောင့် BAE သည် Reaction Engines ၏ အစုရှယ်ယာ ၂ဝ ရာခိုင်နှုန်းကို ဝယ်ယူကာ အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ဂျက်အင်ဂျင်စနစ် နှင့် ဒုံးပျံနည်းပညာ တို့ကို ပေါင်းစပ် တည်ဆောက် ထားသည့် အဆိုပါ အင်ဂျင်သစ်သည် အောက်ဆီဂျင်နှင့် ဟိုက်ဒရိုဂျင် တို့ကို လောင်စာ အရင်းအမြစ် များအဖြစ် အသုံးပြုမည် ဖြစ်ပြီး စတင် ထွက်ခွာပြီး ငါးစက္ကန့် အကြာတွင် အသံထက် မြန်သော အရှိန်နှုန်းသို့ ရောက်ရှိစေမည် ဖြစ်သည်။

အောက်ဆီဂျင်ကို ၁ဝဝဝ ဒီဂရီ စင်တီဂရိတ် ပူသော အခြေအနေမှ - ၁၅ဝ ဒီဂရီ စင်တီဂရိတ် အေးသော အခြေအနေသို့ ပြောင်းလဲကာ ပေါ်ထွက်လာသော စွမ်းအင်ဖြင့် အင်ဂျင်ကို အလုပ်လုပ် စေခြင်း ဖြစ်သည်ဟု ဆိုသည်။

လက်ရှိ အသုံးပြုနေသော ဂျက်အင်ဂျင် များမှာ အမြင့်ပေ ၃၅ဝဝဝ ခန့်မှသာ ပျံသန်းလေ့ ရှိသော်လည်း အဆိုပါ အင်ဂျင် အသုံးပြုမည့် လေယာဉ်များမှာ အမြင့်ပေ ၉၂ဝဝဝ ခန့်မှ ပျံသန်းမည် ဖြစ်သည်။ အင်ဂျင်သစ်ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါက လန်ဒန်နှင့် နယူးယောက်ကို ကြာချိန် နှစ်နာရီ ခန့်ဖြင့် သွားနိုင်မည် ဖြစ်ပြီး လန်ဒန်မှ ဆစ်ဒနီသို့ ကြာချိန် လေးနာရီခန့်ဖြင့် အရောက် သွားနိုင်မည် ဖြစ်သည်။ ယခင်က အသံထက် မြန်သော ခရီးသည်တင် လေယာဉ်များ တီထွင် ခဲ့သော်လည်း ကုန်ကျစရိတ် မြင့်မားခြင်းနှင့် မတော်တဆ မှုများဖြစ်ပွား ခြင်းတို့ကြောင့် ပြေးဆွဲခြင်းများ ရပ်နားခဲ့သည်။

မြ၀တီနေ့စဉ် ၊ စာ(၁၁)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger