www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 24, 2015

သားအိမ်ခေါင်းကင်ဆာ


သားအိမ်ခေါင်းကင်ဆာ

ဒေါက်တာ လွင်သန့်

သားအိမ်ခေါင်း ကင်ဆာ ဖြစ်ပွားမှုကြောင့် မရေတွက်နိုင်တဲ့ မိသားစုဝင်များ ကြေကွဲဆုံးရှုံးမှု ဖြစ်ပွားလျက် ရှိနေပါတယ်။ အာရှ အမျိုးသမီးတွေမှာ သားအိမ်ခေါင်း ကင်ဆာဟာ သေဆုံးမှု ဒုတိယ အများဆုံး အမျိုးသမီး ရောဂါဖြစ်တယ်။ ယင်းအချက်က အမှန်တကယ် တုန်လှုပ် ခြောက်ခြားစရာ ကောင်းနေတယ်။

အမျိုးသမီးရဲ့ အသက် အန္တရာယ်ကို - ခြိမ်းခြောက် ရန်ရှာရုံမကဘဲ မသေခင်ဝေဒနာ ခံစားနေရသူများ ကိုယ်ရောစိတ်ပါ ခံစားကြရတယ်။ ဝေဒနာ ခံစားနေရသူရဲ့ မိသားစု၊ လုပ်ငန်းခွင်၊ လူနေမှုဘဝ ဝန်းကျင်ကိုပါ အကြီးအကျယ် ပြောင်းလဲထိခိုက် နိုင်ပါတယ်။ အမျိုးသမီးတိုင်း အသက်အရွယ် မရွေး၊ အဆင့်အတန်း မရွေး၊ အသားအရောင် မရွေး ဖြစ်ပွားနိုင်တယ်။

သားအိမ်ခေါင်း ကင်ဆာရောဂါ - ဝေဒနာခံစား နေရရင်၊ လူနာသာမက လူနာရဲ့ မိသားစုဝန်းကျင်၊ ချစ်ခင်သူများ၊ မိသားစုနဲ့ အားလုံးထပ်တူ ခံစားကြရမယ်။ ကြေကွဲကြ ရမှာပဲ ဖြစ်တယ်။

ဗိုင်းရပ်စ် - သားအိမ်ခေါင်း ကင်ဆာဟာ (HPV - Human Papilloma Virus) ကြောင့်ဖြစ်တယ်။ ကာကွယ်လို့ ရပါတယ်။ အိပ်ခ်ျပီဗွီ အမျိုးပေါင်း ၁ဝဝ ကျော်ထဲက အချို့သာ ဖြစ်ပွားတယ်။လိင်ဆက်ဆံမှုရှိတဲ့ အမျိုးသမီး ငါးယောက်မှာ လေးယောက်ကူးစက် ပျံ့ပွားနိုင် ပါတယ်။ ပုံမှန်အားဖြင့် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ ဗိုင်းရပ်စ် ဝင်လာရင် ပြန်လည် တိုက်ထုတ်ဖို့ ကိုယ်ခံစွမ်းအား တည်ဆောက်လေ့ ရှိပါတယ်။ အိပ်ခ်ျပီဗွီ ဗိုင်းရပ်စ်ကို တော့ မတိုက်ထုတ် နိုင်ကြပါဘူး။ ဗိုင်းရပ်စ်ပိုး အမျိုးအစားတွေက များလွန်းတော့ ခန္ဓာကိုယ်က မမှတ်မိတော့ဘဲ အချို့ကို ကာကွယ်နိုင်ပေမယ့် နောက်ထပ် တစ်မျိုးဝင်လာရင် အခက်တွေ့ ရပြန်ပါတယ်။ အမျိုးသမီးတိုင်း အိပ်ခ်ျပီဗွီပိုး ကူးစက်စေဖို့ အန္တရာယ် ရှိပါတယ်။

အိပ်ခ်ျပီဗွီ ပိုးဟာ လိင်ဆက်ဆံခြင်း (သို့) လိင်အင်္ဂါ အရေပြားချင်း ထိတွေ့ ခြင်းကြောင့် အဓိက ကူးစက်တယ်။ အမျိုးသမီး များဟာ ပထမအကြိမ် လိင်ဆက်ဆံခြင်း ကစလို့ ဘဝ တစ်လျှောက်လုံး အကြိမ်ကြိမ် ကူးစက်ခံ ရနိုင်တယ်။ ဒါကြောင့် အမျိုးသမီး တိုင်းက သားအိမ်ခေါင်း ကင်ဆာ အကြောင်း သိထားသင့်ပြီး၊ ကြိုတင် ကာကွယ်မှုများ ပြုလုပ်ထားသင့် ပါတယ်။ အမျိုးသမီးတိုင်း သားအိမ်ခေါင်း ကင်ဆာဖြစ်နိုင် ပါတယ်။

ကာကွယ်ခြင်း။ လက်ရှိအချိန်ထိ အကောင်းဆုံး ကာကွယ်နည်း က ပုံမှန် ပက်စပီးယား ရယူပြီး၊ စောစီးစွာ ကုသမှုခံယူဖို့ ဖြစ်တယ်။ ပုံမှန် စစ်ဆေးခြင်းက ရောဂါဖြစ်ပွားနှုန်း သိသိသာသာ လျော့ကျ သွားကြောင်း တွေ့ရှိရ ပါတယ်။ ပုံမှန် အခြေအနေမှ မည်သည့် ပြောင်းလဲမှုများ ကိုမဆို စောစောစီးစီး သတိပြုမိပြီး ထိရောက်အောင် ကုသနိုင်ပါတယ်။ မိသားစု ဆရာဝန်နဲ့ တိုင်ပင်ပြီး ပုံမှန် စစ်ဆေးခံကာ စောစောစီးစီး ကုသမှု ခံယူသင့်တယ်။ 

ကင်ဆာ အကြောင်း သိသမျှကို မိသားစု ဆရာဝန်နဲ့ တိုင်ပင်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်တယ်။ သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေး နိုင်တယ်။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေးဟာ အမျိုးသမီးတိုင်း အတွက်ဖြစ်လို့ မိသားစု ဆရာဝန်နဲ့ ပုံမှန်စမ်းသပ် စစ်ဆေးပြီး၊ မေးမြန်းတိုင်ပင် ရမယ်။ ပက်စပီးယား ယူပြီး၊ ကင်ဆာမရှိရင် သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး  ထိုးထား သင့်တယ်။ တစ်ကြိမ်ထိုးထား ရုံနဲ့ လုံလောက် တယ်လို့ ဆိုတယ်။ သားအိမ်ခေါင်း ကင်ဆာရောဂါ ဖြစ်ရင်လည်း စောစောစီးစီး ကုသမှုခံယူ သင့်ပါတယ်။

Commerce (15/45)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger