www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 16, 2015

ရှမ်းပြည်နယ်မှ လက်ဖက်အချိုခြောက်နှင့် အခါးခြောက်များကို ဂျာမနီဈေးကွက်သို့ တင်ပို့မည်




ရန်ကုန် ၊ ၁၆-၁၁-၂ဝ၁၅

မြန်မာ-ဂျာမနီ ပုဂ္ဂလိက လုပ်ငန်းများ တိုးတက်မြင့်မားရေး စီမံကိန်းမှ လုပ်ငန်းစဉ် တစ်ခုဖြစ်သော ရှမ်းပြည်နယ် လက်ဖက် ကုန်ထုတ်လုပ်မှု မြှင့်တင်ရေး စီမံချက် အနေဖြင့် မြန်မာ့လက်ဖက် အစုအဖွဲ့နှင့် ဂျာမနီနိုင်ငံမှ လက်ဖက်ခြောက် ကုမ္ပဏီ Tee Gschwendner တို့ပူးပေါင်း၍ လက်ဖက် အချိုခြောက်နှင့် အခါးခြောက် များကို ဂျာမနီ ဈေးကွက်သို့ တင်ပို့မည် ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်က ပထမတုန်းက လက်ဖက်ခြောက် ထုတ်လုပ်မှုကို ကြည့်ပြီး အရသာ ပြင်းထန်ပြီး ကျပ်တိုက်ရမယ့် ရိုးရိုး လက်ဖက်ခြောက် လို့ ထင်ထားမိ ပါတယ်။ တကယ်တမ်း သောက်သုံးကြည့် တဲ့အခါ မြန်မာ လက်ဖက်ရည် က အရသာရှိပြီး အဆင့်အတန်း မြင့်မားတဲ့ လက်ဖက်ရည် အရသာကို ခံစား ရပါတယ်။ အခုလို အရသာ ကောင်းမွန်တဲ့ လက်ဖက်ခြောက်ကို ဒီလို အနေအထား မျိုးမှာ ထုတ်နိုင် လိမ့်မယ်လို့ မထင်ထားမိ ပါဘူး''ဟု ဂျာမနီနိုင်ငံ လက်ဖက်ခြောက် ကုမ္ပဏီ Tee Gschwendner မှ Mr. Daniel Marck က ပြောသည်။

လက်ရှိတွင် ပလောင်လက်ဖက် အစုအဖွဲ့မှ မြန်မာ့လက်ဖက် အစိုကို အမေရိကန် နိုင်ငံသို့ တင်ပို့နေပြီး အာဆီယံ နိုင်ငံများ သို့လည်း မြန်မာ့ လက်ဖက်ခြောက် များကို တင်ပို့နေမှုများ ရှိကြောင်း၊ မြန်မာနိုင်ငံ၌ လက်ဖက်ကို ရှမ်းပြည်နယ်၌ အဓိက စိုက်ပျိုးပြီး တစ်နိုင်ငံလုံး စားသုံးသော အစားအသောက် တစ်ခု ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger