www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 22, 2015

UK တွင် ဒီဂျစ်တယ်ခေတ်ကို အမီမလိုက်နိုင်သူ ဦးရေ ၁၂ သန်းကျော် ရှိနေ


More than 12 million fall into UK digital skills gap

လန်ဒန် ၊ ၂၂-၁၀-၂၀၁၅

တိုးတက်ပြောင်းလဲ လာနေသော ဒီဂျစ်တယ် ခေတ်နှင့်အညီ အမီလိုက် နိုင်ရန်မှာ ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုး တိုးတက်ပြီး နိုင်ငံများတွင် ရာနှုန်းပြည့် ဖြစ်နိုင်ခြေ မရှိဘဲ ဖြစ်နေရာ UK တွင်လည်း ဒီဂျစ်တယ် ခေတ်ကို အမီ မလိုက်နိုင်သူ ဦးရေမှာ ၁၂ သန်းကျော် ရှိနေကြောင်း ဒီဂျစ်တယ် စွမ်းရည် မြှင့်တင်ရေး လူမှုကူညီရေး အဖွဲ့အစည်း Go ON UK အသင်းက ထုတ်ပြန် ကြေညာသည်။

Go ON UK က ဒီဂျစ်တယ် နည်းပညာ လွှမ်းခြုံမှု မရှိသောနယ်မြေပြ မြေပုံဖြစ်သော Digital Exclusion Heatmap ကို ထုတ်လုပ်ထားပြီး ၄င်းမြေပုံတွင် ဒီဂျစ်တယ် နည်းပညာကို စိတ်ပါဝင်စားစွာ အသုံးမပြု သူများ၊ သင်ပေးလျှင်လည်း တတ်မြောက် နိုင်ခြင်း မရှိတော့ သူများကို စုစည်းဖော်ပြ ထားကြောင်း သိရသည်။

ဝေလပြည်နယ် တွင်လည်း လူဦးရေ စုစုပေါင်း၏ သုံးပုံတစ်ပုံ ကျော်မှာ ဒီဂျစ်တယ် ပစ္စည်းများကို အသုံးပြုရာတွင် ရှိသင့်ရှိထိုက်သည့် အခြေခံ စွမ်းရည် ငါးမျိုးပင် မရှိကြကြောင်း၊ လန်ဒန်၊ စကော့တလန်၊ အရှေ့ပိုင်း အင်ဂလီယာ တို့တွင် လူဦးရေ၏ ၈ဝ ရာခိုင်နှုန်း ခန့်က ဒီဂျစ်တယ် နည်းပညာကို အသုံးပြု တတ်ကြောင်း သိရသည်။

အမျိုးသားများ ဒီဂျစ်တယ် နည်းပညာ တတ်မြောက်မှု နှုန်းမှာ ၈ဝ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးများ ဒီဂျစ်တယ် နည်းပညာ တတ်မြောက် အသုံးပြုမှုမှာ ၇၄ ရာခိုင်နှုန်းသာ ရှိကြောင်း၊ ဒီဂျစ်တယ် နည်းပညာကို အသုံးပြုရန် အခြေခံ လိုအပ်ချက် ငါးမျိုးမှာ သတင်း အချက်အလက် စီမံခန့်ခွဲနိုင်စွမ်း ရှိခြင်း၊ ဆက်သွယ်ရေး စနစ် ကောင်းမွန်ခြင်း၊ ကုန်ကျစရိတ်ကို ကျခံနိုင်ခြင်း၊ နည်းပညာ ပြဿနာ များကို ဖြေရှင်းနိုင်ခြင်း၊ အွန်လိုင်းကို အသုံးပြု၍ တီထွင် ဖန်တီးမှုများ ကို ပြုလုပ်နိုင်ခြင်း တို့ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger