www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 6, 2015

MYAN AUTO 2015 ပြပွဲကို ယခုလအတွင်း ရန်ကုန်မြို့၌ ကျင်းပမည်



ရန်ကုန် ၊ ၆-၁၀-၂၀၁၅

ယာဉ်အပိုပစ္စည်း များနှင့် ဝန်ဆောင်မှု လုပ်ငန်းများ ဆိုင်ရာ နိုင်ငံတကာ စက်မှုကုန်စည် ပြပွဲကြီး MYAN AUTO 2015 ကို ရန်ကုန်မြို့ ရှင်စောပုလမ်းရှိ Myanmar Event Park (MEP) ၌ အောက်တိုဘာ ၉ ရက်မှ ၁၁ ရက်အထိ သုံးရက်ကြာ စည်ကား သိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ MYAN AUTO 2015 ကုန်စည်ြပပွဲတွင် နိုင်ငံပေါင်း ၂၂ နိုင်ငံမှ မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်း ထုတ်လုပ်သော ကုမ္ပဏီ လုပ်ငန်းပေါင်း ၂၁ဝ ကျော် လာရောက်ပြသ ရောင်းချကြမည် ဖြစ်သည်။

ယင်းပြပွဲတွင် နိုင်ငံတကာမှ နာမည်ကြီး ကားကုမ္ပဏီကြီး များမှ ၄င်းတို့ ထုတ်လုပ် ရောင်းချသော မော်တော်ယာဉ်များ အပြင် ယာဉ်အပို ပစ္စည်းများနှင့် စက်အစိတ်အပိုင်း များ မိတ်ဆက် ပြသကာ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မော်တော်ယာဉ် ပြုပြင် ထိန်းသိမ်းရေး ဆိုင်ရာ လုပ်ငန်းများမှ ကျွမ်းကျင် ပညာရှင်များ၊ အင်ဂျင်နီယာများ၊ စီမံခန့်ခွဲ ကြီးကြပ်သူများ ကလည်း မော်တော်ယာဉ် များနှင့် ပတ်သက်သော အကြောင်းအရာ များကို လာရောက် ဆွေးနွေးကြမည် ဖြစ်သည်။

မြန်မာနိုင်ငံ၌ အလားတူ MYAN AUTO 2015 ပြပွဲများကို ယခင်ကလည်း ကျင်းပခဲ့ရာ အောင်မြင်မှု ရရှိခဲ့သဖြင့် ယခုကဲ့သို့ ထပ်မံကျင်းပရန် စီစဉ် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။

ယခုကျင်းပမည့် MYAN AUTO 2015 ပြပွဲတွင် မော်တော်ယာဉ် ပြုပြင် ထိန်းသိမ်းရေး ဝန်ဆောင်မှု များနှင့် ပတ်သက်သော သရုပ်ပြမှု များကိုလည်း ပြုလုပ်သွားမည် ဖြစ်ရာ မည်သူမဆို အခမဲ့ ဝင်ရောက် ကြည့်ရှု နိုင်ကြောင်း သိရသည်။ (ကိုဆောင်း- ဥက္ကလာ)

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger