www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 21, 2015

အယ်လ်နီညို ရာသီဥတုဖြစ်ပွားမည့် ရှေ့ပြေးနိမိတ်အဖြစ် အဆိပ်ပြင်းသော ပင်လယ်မြွေကြီးများ ပေါ်ထွက်လာ



ကယ်လီဖိုးနီးယား ၊ ၂၁-၁၀-၂၀၁၅

အယ်လ်နီညို ရာသီဖြစ်ပွား လာခဲ့၍ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်း ပင်လယ်ကမ်းခြေ များတွင် အလွန် အဆိပ်ပြင်းသော ပင်လယ် မြွေကြီးများ နှစ်ပေါင်း ၃ဝ ကျော်အတွင်း နောက်တစ်ကြိမ် ထပ်မံပေါ်ထွက် လာကြကြောင်း ရာသီဥတု ဆိုင်ရာ ကျွမ်းကျင်သူ များက ယူဆကြသည်။

အဝါရောင် ခါးပတ်ကျားမြွေ ကြီးများ ဖြစ်ကြပြီး လွန်စွာ အဆိပ်ပြင်းထန် ကြသည်။ ပူနွေးသော ပင်လယ်ကမ်းခြေ များတွင် နေထိုင် တတ်ကြပြီး ယနေ့ ကယ်လီဖိုးနီးယား ပြည်နယ် Silver Strand ကမ်းခြေတစ်ဝိုက် သို့ ရောက်ရှိလာ ကြသည်။

သြစတြေးလျ နိုင်ငံရှိ ကျားမြွေကြီး များနှင့် အမျိုးအစား ဆင်တူကြသည်။ ယခုကဲ့သို့ မြွေဆိုးများ တွေ့ရှိ လာရခြင်းသည် ဒေသကြီး အတွင်း အယ်လ်နီညို ရာသီကြီး ဖြစ်ပွားမည့် ရှေ့ပြေး နိမိတ်များ ဖြစ်ကြောင်း သိရသည်။

၁၉၈ဝ ပြည့်နှစ်များ ကလည်း ကယ်လီဖိုးနီးယား ပြည်နယ်ကြီးတွင် နောက်ဆုံးတစ်ကြိမ် အဖြစ် အယ်လ်နီညို ရာသီကြီး ဖြစ်ပွား ခဲ့ဖူးသည်။ အယ်လ်နီညို ရာသီ ဖြစ်ပွားတော့မည့် သဘောအဖြစ် ပင်လယ် ရေစီးကြောင်း ကြီးများ ပူနွေးလာခဲ့ကြ ရာမှ ယခုကဲ့သို့ အဆိပ်ပြင်း ကျားမြွေကြီးများ ရောက်ရှိလာခြင်း ဟု ရာသီဥတုဆိုင်ရာ ကျွမ်းကျင်သူ များက ယူဆထား ကြသည်။ အဆိပ် ပြင်းလွန်းသော မြွေကြီးများ ဖြစ်၍ လူတို့၏ အသက်ကို များစွာ စိုးရိမ်ဖွယ် ဖြစ်နေကြ၍ အင်တာနက် သုံးစွဲသူ အချင်းချင်း မြွေများနှင့် ခပ်ဝေးဝေး နေကြရန် သတိပေး တင်ပြ လာကြသည်။ မြွေများ၏အနား ကပ်၍ မှတ်တမ်းတင် ဓာတ်ပုံ မရိုက်ကြရန်လည်း သတိပေး ထားကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၁)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger