www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 20, 2015

ယခုဘဏ္ဍာနှစ်ဝက်တွင် မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်ပမာဏ လျော့ကျသွား


ရန်ကုန် ၊ ၂၀-၁၀-၂၀၁၅

မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန် ပမာဏသည် ယခုနှစ် ပထမဘဏ္ဍာ နှစ်ဝက်တွင် အမေရိကန် ဒေါ်လာ ၁၃၈၈၈ ဒသမ ၃၆၉ သန်းသာရှိပြီး ပြီးခဲ့သော ပထမဘဏ္ဍာ နှစ်ဝက်နှင့် နှိုင်းယှဉ်ပါက အမေရိကန် ဒေါ်လာ သန်း ၈ဝဝ ကျော် လျော့ကျ သွားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂ဝ၁၄-၂ဝ၁၅ ပထမဘဏ္ဍာ နှစ်ဝက်တွင် မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန် ပမာဏသည် အမေရိကန် ဒေါ်လာ ၁၄၇၅၃ ဒသမ ၅၆၃ သန်းရှိခဲ့ပြီး ၂ဝ၁၅-၂ဝ၁၆ ပထမဘဏ္ဍာ နှစ်ဝက်တွင် အမေရိကန် ဒေါ်လာ ၁၃၈၈၈ ဒသမ ၃၆၉ သန်းသာ ရှိသောကြောင့် ယမန်နှစ်ထက် အမေရိကန် ဒေါ်လာသန်း ၈ဝဝ ကျော် လျော့ကျသွားခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန မှ သိရသည်။

ပို့ကုန်သွင်းကုန် ပမာဏ လျော့ကျ ရခြင်းမှာ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ ကာလကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူများမှ စောင့်ကြည့် နေကြခြင်း၊ အထည်ချုပ် လုပ်ငန်းများတွင် ပြည်ပမှ အထည်အမှာ အော်ဒါများ လျော့ကျလာခြင်း စသည်တို့ကြောင့် ဖြစ်နိုင်ခြေ ရှိပြီး လာမည့် နှစ်ဝက်တွင် ပြန်လည် မြင့်တက် လာမည်ဟုလည်း ခန့်မှန်းထား ကြောင်း သိရသည်။

အဆိုပါ ပို့ကုန်သွင်းကုန် ပမာဏကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အောက်ရှိ ပင်လယ် ရေကြောင်း ကူးသန်း ရောင်းဝယ်မှု၊ နယ်စပ်ဖြတ်ကျော် ကူးသန်း ရောင်းဝယ်မှု များ၏ ၂ဝ၁၅-၂ဝ၁၆ ပထမဘဏ္ဍာ နှစ်ဝက်အတွက် ဖြစ်ပြီး ယခုနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၁ ရက်အထိ စာရင်း အချက်အလက် များအပေါ် တွက်ချက် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger