www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 21, 2015

မြန်မာနိုင်ငံအတွင်း တရားမ၀င် ကြက်များတင်သွင်းနေမှု များကြောင့် ကြက်ငှက်တုတ်ကွေးရောဂါ ကူးစက်မှုများ ရှိလာနိုင်



မတ္တရာ ၊ ၂၁-၁၀-၂၀၁၅

မြန်မာနိုင်ငံ အတွင်း နေ့စဉ် တရားမဝင် ကြက်များ တင်သွင်းနေမှုများ ရှိခြင်းကြောင့် ပြည်တွင်း ကြက်မွေးမြူရေး ခြံများတွင် ကြက်ငှက် တုပ်ကွေးရောဂါ ကူးစက်မှုများ ရှိလာနိုင်ပြီး ရောဂါ ပြန့်ပွားမှု ဖြစ်ပေါ်လာပါက ဒေသတွင်း လူမှုစီးပွား ဘဝများ ပျက်စီးကာ အသားဈေးနှုန်း မတည်ငြိမ်မှုများ ဖြစ်လာနိုင် သည်ဟု မတ္တရာ မြို့နယ်ရှိ ကြက်မွေးမြူရေး ခြံတစ်ခုမှ ကိုယ်စားလှယ် တစ်ဦးက ပြောပြသည်။

မြန်မာနိုင်ငံတွင် စီးပွားဖြစ် ကြက်မွေးမြူရေး လုပ်ငန်းများ နှစ်စဉ်ဖွံ့ဖြိုး တိုးတက်လာရာ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု အများအပြား ပေါ်ထွက်မှု ရှိသကဲ့သို့ ဗီယက်နမ် နိုင်ငံ၊ ထိုင်ဝမ်နိုင်ငံ နှင့် ဂျပန်နိုင်ငံ စသည့် နိုင်ငံတကာ မွေးမြူရေး လုပ်ငန်းရှင် များလည်း ပြည်တွင်း၌ လာရောက် ရင်းနှီးမြှုပ်နှံမှုများ ရှိလာကာ မတ္တရာ မြို့နယ်တွင် ယခင်ထက် စီးပွားဖြစ် ကြက်မွေးမြူရေး လုပ်ငန်းများ ပိုမိုများပြား လာသည်ဟု သိရသည်။

''ပြည်တွင်း မွေးမြူရေး လုပ်ငန်းတွေနဲ့ ယှဉ်ပြိုင် လုပ်ကိုင်နိုင်ဖို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုထားတယ် ဆိုပေမယ့် ပြည်တွင်း မွေးမြူရေး လုပ်ငန်းတွေက ကြက်သား၊ ကြက်ဥတွေကို တခြားနိုင်ငံ တွေကို တင်ပို့နိုင်ဖို့ မျှော်မှန်းချက် ထားပါတယ်။ ပြည်ပက ကြက်တင်သွင်း တာက နိုင်ငံခြားငွေကို မလိုအပ်ဘဲ သုံးနေတာ ဖြစ်ပါတယ်။ ပြည်တွင်း မွေးမြူရေး လုပ်ငန်းတွေ က ပြည်တွင်း လိုအပ်ချက်ကို လုံလောက်အောင် ထုတ်လုပ် နိုင်ပါတယ်။ အခု အိမ်နီးချင်း နိုင်ငံတွေက တရားမဝင် အေးခဲ ကြက်သားတွေ မန္တလေးမြို့ကို နေ့စဉ် ဝင်ရောက်မှု တွေရှိနေတော့ ပြည်တွင်း ကြက်မွေးမြူရေး လုပ်ငန်းတွေ ထိခိုက်တာတွေ ရှိရပါတယ်။ ပြည်သူလူထု ကျန်းမာရေး အတွက်လဲ စိုးရိမ်စရာ ဖြစ်လာပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

မြန်မာနိုင်ငံ၌ ၁၉၉ဝ ပြည့်နှစ်ထိ အသားတိုးကြက် မွေးမြူရေး လုပ်ငန်းများ မရှိသေးသဖြင့် ပြည်တွင်းမျိုးစပ် သားဖောက် ထားသည့် ဒေသဥစားကြက် တို့ကို မွေးမြူခဲ့ရာ ၁၉၉၅ ခုနှစ်မှ စတင်၍ စပ်မျိုး (Hybird) ဥစားကြက်၊ အသားစားကြက်မျိုး တို့ကို ကျယ်ကျယ်ပြန့်ပြန့် မွေးမြူလာခြင်း ဖြစ်ပြီး ကြက် အရေအတွက်နှင့် ခြံစနစ်များ ခေတ်ကာလ အလိုက် တစ်နှစ်ပြီး တစ်နှစ် ပြောင်းလဲ လာခဲ့ရာ ယခုအခါ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မွေးမြူရေး လုပ်ငန်းရှင် တစ်ဦးလျှင် အကောင်ရေ သိန်းဂဏန်းထိ မွေးမြူရေးများ ပြုလုပ် လာနိုင်ပြီဟု သိရသည်။ (၁၇၃)

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger