www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 19, 2015

နိုင်ငံတကာတက္ကသိုလ် ကွန်ရက်များတွင် ရန်ကုန်တက္ကသိုလ်ကို ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ် ကမ်းလှမ်းထား


ရန်ကုန် ၊ ၁၉-၁ဝ-၂ဝ၁၅

အာရှ တက္ကသိုလ်များ ကွန်ရက်နှင့် မဲခေါင် တက္ကသိုလ်များ ကွန်ရက် စသည့် နိုင်ငံတကာ တက္ကသိုလ် အဖွဲ့အစည်းများ ဖော်ဆောင်ရာတွင် ပူးပေါင်း ပါဝင်ရန် တောင်ကိုရီးယား နိုင်ငံနှင့် ဂျပန်နိုင်ငံ တို့ရှိ ဦးဆောင် တက္ကသိုလ်များမှ ရန်ကုန် တက္ကသိုလ်အား တရားဝင် ကမ်းလှမ်းမှုများ ပြုလုပ် ထားကြောင်း သိရသည်။

အာရှ တက္ကသိုလ်များ ကွန်ရက်အဖြစ် ဖွဲ့စည်း တည်ထောင်ရန် စီစဉ်ထားသော Asian Campus Complexity Network ကို တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံတို့ရှိ နာမည်ကြီး ထိပ်တန်း တက္ကသိုလ်များမှ ဦးဆောင်ကြမည် ဖြစ်ပြီး အရှေ့တောင်အာရှ နိုင်ငံများမှ တက္ကသိုလ် များအား ပူးပေါင်းပါဝင် ကြရန် ဖိတ်ခေါ်ထားရာ မြန်မာနိုင်ငံရှိ ရန်ကုန်တက္ကသိုလ် ကိုလည်း အဆိုပါ ကွန်ရက်တွင် ပါဝင် ဆောင်ရွက်ရေး အတွက် Global Gateway University (GGU) မှ ကမ်းလှမ်း ထားခြင်း ဖြစ်သည်။

Global Gateway University (GGU) အနေဖြင့် ရန်ကုန်တက္ကသိုလ် နှင့် သီးသန့်ပူးပေါင်း ဆောင်ရွက်ကာ ခေါင်းဆောင်မှု ပညာရပ်၊ နိုင်ငံတကာ ဆက်ဆံရေး ပညာရပ် စသည့် ဘာသာရပ် များနှင့် ပတ်သက်၍ ရန်ကုန် တက္ကသိုလ်၌ လာရောက် သင်ကြားပို့ချရန် အစီအစဉ် ရှိသည်။

ထို့ပြင် မဲခေါင်တက္ကသိုလ် ကွန်ရက် ဖွဲ့စည်း တည်ထောင်ရန် ဂျပန်နိုင်ငံမှ ဦးဆောင် တက္ကသိုလ်သည် မြန်မာနိုင်ငံရှိ ရန်ကုန် တက္ကသိုလ် နှင့် သက်ဆိုင်ရာ နိုင်ငံများမှ တက္ကသိုလ်ကြီး များကို တရားဝင် ဖိတ်ခေါ် ထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ရန်ကုန်တက္ကသိုလ် နှင့် မန္တလေးတက္ကသိုလ် တို့သည် အာဆီယံ တက္ကသိုလ်များ ကွန်ရက် (Asian University Network) တွင် အဖွဲ့ဝင်များ အဖြစ် ဝင်ရောက်ထား ကြသော တက္ကသိုလ်များ ဖြစ်ကြောင်း သိရသည်။ (ဆောင်းဦး)

မြ၀တီနေ့စဉ် ၊ စာ(၅)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger