www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 19, 2015

အမေရိကန် A&M တက္ကသိုလ်မှ အင်ဂျင်နီယာများက လက်အချက်ပြ သင်္ကေတကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပေးနိုင်မည့် ဆင်ဆာ ထုတ်လုပ်ရန် ကြိုးပမ်း



ဝါရှင်တန် ၊ ၁၉-၁၀-၂၀၁၅

အကြားအာရုံ ချို့တဲ့သူများသည် လက်အချက်ပြ သင်္ကေတဖြင့် ဆက်သွယ်ပြောဆို နိုင်သော်လည်း လူအများစုက လက်အချက်ပြ သင်္ကေတကို နားမလည်သည့် အခက်အခဲကို ဖြေရှင်းနိုင်ရန် လက်အချက်ပြ သင်္ကေတ များကို အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုပေး နိုင်မည့် ဝတ်ဆင်နိုင်သည့် နည်းပညာ ဆင်ဆာကို ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက် ရှိရာ အောင်မြင်မှု ရရှိရန် နီးစပ်နေပြီ ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု၊ တက္ကဆက် ပြည်နယ် ၊ A&M တက္ကသိုလ်မှ အင်ဂျင်နီယာ များက ပြောပြသည်။

''လူတစ်ယောက်ရဲ့ လက်မောင်းမှာ ပတ်ထားပြီး လက်မောင်းကြွက်သား လှုပ်ရှားမှုတွေကို အာရုံခံပြီးတော့ လက်အချက်ပြ သင်္ကေတကို အင်္ဂလိပ်ဘာသာ ပြန်ဆိုပေးမှာ ဖြစ်ပါတယ်။ အသုံးပြုသူဟာ လက်ကောက်ဝတ် မှာနဲ့ လက်မောင်းမှာ ဆင်ဆာတွေကို တပ်ဆင်ထား ရပါမယ်။ ဒီဆင်ဆာနှစ်ခုက အာရုံခံလိုက်တဲ့ လှုပ်ရှားမှုကို ဝါယာလက် နည်းပညာနဲ့ ထပ်ဆင့်ဖမ်းယူပြီးဘာသာပြန်မှာ ဖြစ်ပါတယ်'' ဟု သုတေသီ တစ်ဦးက ပြောပြသည်။

''လက်အချက်ပြ သင်္ကေတ တွေကို ဘာသာပြန်ပြီး စာနဲ့ရိုက် ဖော်ပြဖို့ အရင်ကလဲ ကိရိယာတွေ တီထွင်ခဲ့ဖူးကြ ပါတယ်။ ဒါပေမဲ့ ထိရောက်မှု အားနည်းသလို ရှုပ်ထွေးမှုလဲ ပိုတာကို တွေ့ရပါတယ်။ အဲဒီ နည်းပညာ အများစုဟာ လက်အချက်ပြ သင်္ကေတကို ကင်မရာနဲ့ ရိုက်ယူပြီးမှ ဘာသာပြန်တာ ဖြစ်ပါတယ်။ လက်အချက်ပြ သင်္ကေတ သုံးသူဟာ မျက်နှာ အမူအရာ၊လက်လှုပ်ရှားမှု အပြင် လက်ချောင်းတွေ ကိုလဲ လှုပ်ရှားပါတယ်။ ကင်မရာက ဒါတွေအားလုံးကို တစ်ပြိုင်နက် ရိုက်ကူးဖော်ပြတာမျိုး မလုပ်နိုင်ပါဘူး။ အခု ကျွန်တော်တို့ တီထွင်နေတဲ့ ဆင်ဆာကတော့ လက်ချောင်းတွေရဲ့ ကြွက်သား လှုပ်ရှားမှု အားလုံးကို ဖမ်းယူနိုင်မှာ ဖြစ်ပြီး လက်အချက်ပြ သင်္ကေတက ဘာတွေကို ပြောနေသလဲ ဆိုတာကိုလဲ တိကျစွာ ဖော်ပြနိုင်မှာ ဖြစ်ပါတယ် '' ဟု ၄င်းက ဆက်လက် ပြောပြသည်။

လက်ရှိအချိန်တွင် သုတေသီများက ၄င်းဆင်ဆာ၏ ပထမဆုံးပုံစံကို ထုတ်လုပ်ထားပြီး နေ့စဉ်သုံး လက်အချက်ပြ သင်္ကေတများကို ၄င်းဆင်ဆာက နားလည်ကာ ဘာသာပြန် နိုင်နေပြီ ဖြစ်ကြောင်း၊ ဆင်ဆာ၏ စွမ်းပကားကို ပို၍ တိုးတက် ကောင်းမွန်အောင် ကြိုးစား နေပါကြောင်း ၄င်းက ဖြည့်စွက် ပြောပြသည်။

ဤဆင်ဆာ၏ အားနည်းချက်မှာ လက်အချက်ပြ သင်္ကေတ အသုံး ပြုသူက ချက်ချင်း အသုံးမပြုနိုင် သေးဘဲ ၄င်းဆင်ဆာနှင့် မိမိ၏ လှုပ်ရှားမှု ရင်းနှီးသွားအောင် လေ့ကျင့်ပေး ရခြင်း၊ လူအများ စကားပြောလျှင် ဝါကျလိုက်ပြော သော်လည်း ဆင်ဆာသည် စကားလုံးကိုသာ ဘာသာပြန် နိုင်ခြင်းတို့ ဖြစ်ပြီး ၄င်း အတားအဆီးများ၊  အားနည်းချက်များ အားလုံးကို ကျော်ဖြတ်ကာ မကြာခင် အချိန်အတွင်း ကမ္ဘာ့နားမကြား သူများ ဝမ်းမြောက်ဖွယ် လက်အချက်ပြ သင်္ကေတမှသည် အင်္ဂလိပ်ဘာသာ စကားသို့ ဘာသာပြန်ဆို ပေးမည့် ဆင်ဆာထွက်ပေါ် လာတော့မည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger