www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 22, 2015

အင်ဒိုနီးရှားနိုင်ငံ အန်ဘွန်ကျွန်း မှ မြန်မာနိုင်ငံသား ၃၉ ဦး ပြန်လည်ရောက်ရှိ



ရန်ကုန် ၊ ၂၂-၁၀-၂၀၁၅

အင်ဒိုနီးရှားနိုင်ငံ အန်ဘွန်ကျွန်း တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၃၉ ဦးသည် မလေးရှား လေကြောင်းလိုင်း MH 740 လေယာဉ်ဖြင့် ယမန်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြောင်း သိရသည်။

အန်ဘွန်ကျွန်း တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ရေလုပ်သား ၃၉ ဦးသည် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ မြန်မာနိုင်ငံသား အဖြစ် အတည်ပြုချက် ရရှိပြီးသူများ ဖြစ်၍
အင်ဒိုနီးရှား နိုင်ငံရှိ မြန်မာသံရုံး နှင့် ရွှေ့ပြောင်း သွားလာ နေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း International Organization for Migration (IOM ) တို့၏ အကူအညီဖြင့် ပြန်လည် ရောက်ရှိလာခြင်း ဖြစ်ကာ ၄င်းတို့အား နေရပ် အသီးသီးသို့ အမြန်ဆုံး ပြန်လည် ရောက်ရှိနိုင်ရေး အတွက် သက်ဆိုင်ရာမှ စီစဉ်ဆောင်ရွက် ပေးလျက် ရှိသည်။

အင်ဒိုနီးရှား နိုင်ငံမှ ပြန်လည် ရောက်ရှိလာသော မြန်မာနိုင်ငံသား များနှင့် ပတ်သက်၍ အမှတ်(၆) လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှူး ရဲမှူး ရဲဝင်းအောင် က ''ကျွန်တော်တို့ သိသလောက်က ထိုင်းနိုင်ငံ စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်ရမယ်ဆိုပြီး သွားကြတာ ဟိုရောက်တော့မှ အဆင်မပြေလို့ ငါးဖမ်းစက်လှေတွေ ပေါ်မှာ အလုပ်လုပ် ကြတယ်။ ထိုင်းငါးဖမ်း သင်္ဘော၊ စက်လှေတွေနဲ့ အင်ဒိုနီးရှား ရေပိုင်နက်ထဲ ရောက်သွားတဲ့ အတွက် အင်ဒိုနီးရှား နိုင်ငံရေတပ်က ဖမ်းဆီးတာကြောင့် ကျွန်းပေါ်မှာ နေရတယ်လို့ သိရပါတယ်။ စုစုပေါင်း ၃၆၄ ဦးထဲကနေ ပြန်လည် ရောက်ရှိ သူများက ဒီနေ့ထိဆိုရင် အားလုံး ၂ဝဝ ကျော်ပါပြီ။ နောက်ထပ် လူတွေ ဘယ်ရက်ကို ပြန်လာမယ် ဆိုတာတော့ သံရုံးက အကြောင်းကြား မှာပါ'' ဟု ပြောသည်။

ပြန်လည် ရောက်ရှိလာသူ ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့နယ် ရွာသစ်ကြီးကျေးရွာ အုပ်စုမှ ကျော်မျိုးသက် က ''ကျွန်တော် ၂ဝ၁၄ ခုနှစ် ဧပြီလက ထိုင်းနိုင်ငံကို သွားရောက် အလုပ်လုပ် ခဲ့ပါတယ်။ ထိုင်းနိုင်ငံကနေ တစ်ဆင့် ငါးဖမ်းလှေနဲ့ လိုက်သွားတာ နေ့ရောညပါ အလုပ်လုပ် ရပါတယ်။ လုပ်အားခ ကတော့ သတ်မှတ်တဲ့ အတိုင်းရပါတယ်။ ထိုင်းဘတ်ငွေ ၁၂ဝဝဝ ရပါတယ်။ မြန်မာ သံအမတ်ကြီးနဲ့ IOM တို့ရဲ့ ကူညီပေး မှုကြောင့် ယခုလိုပြန်လည် ရောက်ရှိ လာတာပါ'' ဟု ပြောသည်။

အဆိုပါ မြန်မာရေလုပ်သား ၃၉ ဦးတို့သည် ကုမ္ပဏီမှ လစာများ အပြည့်အဝ ရရှိပြီးသူများ ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger