www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 26, 2015

ကိုယ်ပိုင်ယာဉ် (နံပါတ်အနက်)မှ အငှားယာဉ် (နံပါတ်အနီ)သို့ ပြောင်းလဲပြေးဆွဲခွင့် ခေတ္တရပ်ဆိုင်းမည်


ရန်ကုန် ၊ ၂၆-၁ဝ-၂ဝ၁၅

ရန်ကုန်တိုင်း ဒေသကြီး၌ ကိုင်ပိုင်ယာဉ် (နံပါတ်အနက်)မှ အငှားယာဉ် (နံပါတ်အနီ) သို့ ပြောင်းလဲ ပြေးဆွဲခွင့်ကို အောက်တိုဘာ ၂၅ ရက်မှစတင်၍ ခေတ္တရပ်ဆိုင်း လိုက်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (က-ည-န) ၏ ထုတ်ပြန်ချက် အရ သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့ အတွင်း၌ အငှားယာဉ် အရေအတွက် များပြား လာသောကြောင့် ယခုကဲ့သို့ နံပါတ်ပြောင်းလဲ ပြေးဆွဲခွင့်ကို ခေတ္တရပ်ဆိုင်း ရခြင်းဖြစ်ပြီး ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှ ၂ဝ၁၆ ခုနှစ် မတ် ၃၁ ရက်အထိ ခေတ္တရပ်ဆိုင်း ထားမည် ဖြစ်ကြောင်း က-ည-န မှ ထုတ်ပြန် ထားသည်။

လတ်တလော နံပါတ်အနက်မှ နံပါတ်အနီ သို့ ပြောင်းလဲ ပြေးဆွဲမှုသည် ရန်ကုန်မြို့၌ အများဆုံးဖြစ်ပြီး နံပါတ်အနက်မှ နံပါတ်အနီသို့ ပြောင်းလဲ ထားသည့် ပုဂ္ဂလိကပိုင် အငှားယာဉ် စုစုပေါင်း ၉၂ဝ၇၇ စီးရှိကာ နိုင်ငံတော်ပိုင် အငှားယာဉ် ၇၈ စီးရှိကြောင်း က-ည-န ၏ မော်တော်ယာဉ် စာရင်းဇယား များအရ သိရသည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အငှားယာဉ် ကိုးသောင်းကျော် ရှိပြီး ရန်ကုန် တစ်မြို့တည်း၌ ယခုနှစ် အတွင်း အငှားယာဉ် အစီးရေ ၆၈ဝဝဝ ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger