www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 2, 2015

ISIS အစ္စလာမ္မစ် စစ်သွေးကြွ တို့က ပါလ်မီရာ ရှေးဟောင်း ယဉ်ကျေးမှုသမိုင်း ကို ဘာကြောင့် ဖျက်ဆီးချင် ရသလဲ ... ?


The well-preserved city of Palmyra remains one of the most important cultural centres in the ancient world, known for its unique blend of Graeco-Roman and Persian influences.
ကိုကိုဟန်

ရန်သူကို ရှုပ်ထွေးစေအောင် ပြုလုပ်ပြီး မိမိ၏စိတ်ကူး ရည်ရွယ်ချက်ကို ရန်သူမရိပ်မိ စေရန် ဆောင်ရွက်ခြင်း သည် စစ်ရေးအရ လျှို့ဝှက်ချက် ဖြစ်သည်ဟု တရုတ် စစ်ပညာရှင်ကြီး ဆွန်ဇု ၏ စစ်ပညာကျမ်း တွင် ဖော်ပြ ထားသည်။

ISIS စစ်သွေးကြွ တို့သည် ၄င်းတို့၏ မယဉ်ကျေးသော ၊ ရက်စက်သော ပုံရိပ်နှင့် လူသစ် စုဆောင်းမှု တို့တွင် ဤစစ်ပွဲဆိုင်ရာ ဥပဒေကို သိက္ခာမဲ့သော၊ ဖြားယောင်း သွေးဆောင်သော နည်းလမ်းအဖြစ် ကမ္ဘာ့မီဒီယာမှ တစ်ဆင့် ပျိုးထောင် လာခဲ့သည်။ 

ဆီးရီးယားနိုင်ငံ အလယ်ပိုင်းရှိ ပါလ်မီရာ ရှေးဟောင်းမြို့မှ ဘာလ်ရှာမင် ဘုရားကျောင်း ကြီးကို တစ်စတစ်စချင်း ဖျက်ဆီး ထားသော လုပ်ရပ်သည် ဘာသာရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ အထွတ်အမြတ် ထားသေအရာကို မလေးမစား မသင့်မလျော် ပြုလုပ်ခံ ရမှုများ အနက် နောက်ဆုံး ကျသော ဖြစ်ရပ်တစ်ခု ဟု ဆိုရပေမည်။

ယူနက်စကို ကဲ့သို့သော အဖွဲ့အစည်း များက ISIS စစ်သွေးကြွ တို့ မျှော်လင့်ချက် အား စစ်ရာဇဝတ်မှု တစ်ခုအဖြစ် ကန့်ကွက်ကြောင်း တုံ့ပြန် လိုက်သည်။ ISIS စစ်သွေးကြွ တို့သည် ရေနံစုဆောင်းဖို့ မှောင်ခိုဈေးကွက် များတွင် ရှေးဟောင်း ပစ္စည်းများကို ကြော်ငြာ၍ တရားမဝင် ရောင်းချမှုများမှ တစ်ဆင့် ထောက်ပံ့မှုများ ရရှိနေသည်။

The courtyard of the sanctuary of Baal Shamin in Palmyra, one of the world’s best-preserved classical sites, which Islamic State activists are said to have blown up.
ဆီးရီးယားနှင့် အီရတ် တစ်ဝန်းရှိ ရှေးဟောင်း အမွေအနှစ် များကို ဖျက်ဆီးခြင်း၊ လုယက်ခြင်း တို့သည် လုပ်ငန်းကြီး တစ်ရပ်ကို လုပ်ကိုင်သလိုမျိုး ဖြစ်နေသည်။ ဆီးရီးယား ရှေးဟောင်း အမွေအနှစ် ဆိုင်ရာ အရှေ့ပိုင်းသုတေသန အမေရိကန် ကျောင်းများက ဤ ပျက်စီးဆုံးရှုံးမှု များကို မှတ်တမ်း တင်ရန် ကြိုးစားလျက် ရှိသည်။

ဘာလ်ရှာမင် ဘုရားကျောင်း တော်အား ဖျက်ဆီး လိုက်ခြင်းကို ပြီးခဲ့သည့် တနင်္လာနေ့ က ကြေညာသွား ခဲ့ပြီး အင်္ဂါနေ့က ပေါက်ကွဲမှု ပြင်းထန်သည့် ပစ္စည်းများအား ရှေးဟောင်း သမိုင်းဝင် အရာများ၌ ချည်နှောင် ရစ်ပတ်ထားပုံ၊ ပေါက်ကွဲ သွားပုံနှင့် အပျက်အစီး အစအနပုံ များကို ISIS စစ်သွေးကြွ တို့က ထုတ်ပြန်ခဲ့သည်။ တခြား သတင်းများက ပြီးခဲ့သည့် တစ်လခန့် ကပင် ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။ လူအများက ပုံများ ထုတ်ပြန်မှုကို ကြည့်ရှုကာ ထိတ်လန့်သွားပြီး အပြည့်အစုံ မှတ်တမ်းတင် မှုပင် မလုပ်ခဲ့ ကြပေ။

ကြောက်စရာ ကောင်းသော ISIS စစ်သွေးကြွ တို့သည် ပါလ်မီရာ ရှိ ရတနာများ သတင်းကို ရှေးဟောင်း ပစ္စည်း ကျွမ်းကျင်၍ အတွေ့အကြုံ ရင့်ကျက်သည့် ခါလက်အယ် အဆတ် အား မေးရာတွင် အပြည့်အစုံ မဖြေသဖြင့် ခေါင်းဖြတ် သတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဤ စိတ်မကောင်း စရာဖြစ်ရပ်ကို ယှဉ်ပြိုင်မှုနှင့် အလောင်းအစား လုပ်မှုများ ရှိနေသေးသည်။ ငါ့ရန်သူရဲ့ ရန်သူဟာ ငါ့မိတ်ဆွေ ဟူသော အတွေးအခေါ်ဖြင့် ဟက်ဇ်ဘိုလာ နှင့် ဆွန်နီ အစွန်းရောက် ဖြစ်ကြသော ISIS စစ်သွေးကြွ တို့ကို ဆန့်ကျင် တိုက်ခိုက်လျက် ရှိသော ရှီးယိုက်များအား အနောက်နိုင်ငံ များက လူဆိုး မဖြစ်နိုင်ဟု ယူဆ နေခြင်းသည် အန္တရာယ် ရှိနေခဲ့သည်။

သဲကန္တာရ နောက်ခံရှိသော လှပသည့် အဆိုပါ မြို့ကြီး၏ ပုံရိပ်သည် အနောက် နိုင်ငံသားများကို သတိပြုမိ စေခဲ့သည်။ မဟာဗျူဟာ ကျသော အိုအေစစ်၊ ကုန်သွယ်ရေး၊ မြို့ကြီးနှင့် ယဉ်ကျေးမှု အဆောက်အအုံများ ပထမနှင့် ဒုတိယ ရာစုနှစ်များက ဧရာမ ကမ္ဘာကြီး၏ အစိတ်အပိုင်းများ သဖွယ် ဖြစ်ခဲ့သည်။ ယခု ဖျက်ဆီးလိုက်သော ဘာလ်ရှာမင် ဘုရားကျောင်းမှ ကျောက်စာ များသည် ရောမဘုရင်များ လက်ထက် တစ်ရာစု၊ နှစ်ရာစုခန့်က ဘာသာနှစ်မျိုး ဖြင့် ရေးထိုးထား ခဲ့သည်။

In this image made from video posted on a militant social media account affiliated with the Islamic State of Iraq and Syria (ISIS), a militant takes a sledgehammer to a relief at the site of the ancient Assyrian city of Nimrud.
ယုံကြည် ကိုးကွယ်မှု မတူကြ သူများနှင့် ရောမဒေသ ယဉ်ကျေးမှုများ ပေါ်ထွန်းလာသည့် နေရာများမှ တိုင်းရင်းသား အုပ်စုများ၏ ဒဏ်ကို သည်းခံ နေခဲ့ရသည်။ ရောမ ဘုရင်မ ဇီနိုဘီးယား လက်ထက် ၂၇၁ ခုနှစ်တွင် ရောမ အင်ပါယာ၏ သုံးပုံ တစ်ပုံသာ အုပ်ချုပ်နိုင် ခဲ့၍ ရောမ အင်ပါယာကြီး အားနည်းသော ကာလ ၂၆ဝ ပြည့်နှစ်များ တွင် သူပုန်များက သိမ်းပိုက်ခံ ခဲ့ရသည်။

စစ်ဘုရင်မ များသည် အနောက်နိုင်ငံ ယောက်ျားများကို ဗဟိုပြုသော သမိုင်းမှ နှင်ထုတ်ခြင်းကို ခံရပြီးနောက် ဆိုးရွားစွာ နိဂုံးချုပ် သွားသည်။ ရောမဘုရင် ၏ လက်အောက် အီဂျစ်နှင့် ပရိုဘတ်စ် ဘုရင်ခံချုပ် များ ဇီနိုဘီးယား ၏တပ်များ၏ ခေါင်းဖြတ် သတ်ခြင်းကို ခံခဲ့ရသည်။ ရောမအင်ပါယာ အော်ရီလီယန် သည် အရှေ့ဘက်သို့ ချီတက်၍ ပါလ်မီရာ ကို သိမ်းပိုက်ခဲ့သည်။ ထို့နောက် မြို့ကြီးမှ သူပုန်တို့ ပုန်ကန် ကြသည်။ ၂၇၃ ခုနှစ်တွင် အော်ရီလီယန် သည် ပါလ်မီရာ ကို သိမ်းလိုက်၍ ဖျက်ဆီးခဲ့ရာတွင် ၄င်း၏ သမိုင်းရေး အခန်းကဏ္ဍမှာ ဆုံးခန်းတိုင် သွားတော့သည်။

ထိုအချိန်မှစ၍ မြို့ကြီးမှာ ဘိုင်ဇန်တိုင်း နှင့် အာရပ်လောက တွင် အသေးအဖွဲ ကဏ္ဍတွင်သာ နေရပြီး တချို့ အထိမ်းအမှတ် များကို ပြန်လည် အသုံးချသည်။ ဥပမာ- ဘာလ်ရှာမင် ကို ဘုရားရှိခိုးကျောင်း တစ်ကျောင်း အဖြစ် ယနေ့ထိ ထိန်းသိမ်းခဲ့သည်။ သက္ကရာဇ် ၁၄ဝဝ တွင် တီမားရ် (တာမာလိန်း) တို့က တစ်ဖန် သိမ်းပိုက်၍ ဖျက်ဆီးခဲ့ ပြန်သည်။ ပါလ်မီရာ အိုအေစစ် သည် မဟာဗျူဟာ အချက်အချာ ကျသော နေရာတွင် ရှိသဖြင့် အန္တရာယ်ကို လက်ယပ် ခေါ်သလို ဖြစ်နေသည်။ အမြဲလိုလိုပင် ISIS စစ်သွေးကြွ တို့သည် ရုပ်တု ကိုးကွယ်သူများ ဖြစ်ရန် အခြေခံ အနုပညာ ကိုယ်စားလှယ်များဟု စွပ်စွဲသည်။ အစ္စလာမ် ဘာသာ မတိုင်မီက အရာဝတ္ထု များသည် ဘာသာရေးကို စော်ကားသော အဆောက် အအုံများ ဖြစ်သည်ဟု ယူဆသည်။ အကွဲကွဲ အပြားပြား ဖြစ်အောင် ဖျက်ဆီး ပစ်ရန်နှင့် တူညီမှု သိပ်မရှိအောင် လုပ်ရန် ဖြစ်သည်။

အတိတ်က ရွံမုန်းဖွယ်ရာ သည်းခံ နေရသော သက်သေများ ဖြစ်သည်။ လုယက်ယူ၍ ရသော ရှေးဟောင်း ပစ္စည်းများအား ရောင်းချခြင်းဖြင့် ISIS စစ်သွေးကြွ အဖွဲ့အတွက် ရန်ပုံငွေများ ရရှိသည်။ ဤကဲ့သို့ ယဉ်ကျေးမှု ပစ္စည်းများကို အပြတ်ရှင်း ဖျောက်ဖျက်ပစ် ခြင်းသည် ပြစ်တင် ရှုတ်ချခြင်းကို ခံယူရန် သင့်သည်။ ပါလ်မီရာ အတွက် ကြေကွဲဖွယ်ရာ အဖြစ်ဆိုးသည် အာရပ် စာရေးဆရာ များက ဇီနိုဘီးယား ၏ တော်လှန်ရေး မွတ်စလင် ဘာသာ ၇ ရာစုခေတ်တွင် စတင်ခဲ့ခြင်း၏ ရှေ့ပြေးအဖြစ် ရှုမြင်ကြသည်။ ISIS စစ်သွေးကြွ  တို့မှာ ကိုယ့်သမိုင်းကိုယ် မသိသူများ ဖြစ်ကြရာ တရုတ် ပညာရှိကြီး ကွန်ဖြူးရှပ်စ် က အနာဂတ်ကို ပုံဖော်လိုလျှင် အတိတ်ကို လေ့လာပါ ဟူသော အဆိုအမိန့်ကို လိုက်နာ ကြရ ပေတော့မည်။

သို့ပါ၍ ISIS စစ်သွေးကြွ တို့ ဘာကြောင့် ပါလ်မီရာ ယဉ်ကျေးမှု အမွေအနှစ် များကို ဖျက်ဆီး လိုရခြင်း အကြောင်း သိရှိနိုင်ရန် ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၁)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger