www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 1, 2015

မြန်မာနိုင်ငံ၌ ဒုတိယအကြိမ်မြောက် လက်မှုအနုပညာပြပွဲကို လာမည့် ၂၀၁၆ မတ်လတွင် ပြုလုပ်မည်



ရန်ကုန် ၊ ၁-၉-၂၀၁၅

ပြည်တွင်းပြည်ပ လက်မှု အနုပညာရှင် များ၊ အသိပညာ ရှင်များ ပါဝင်သည့် ဒုတိယ အကြိမ်မြောက် လက်မှု အနုပညာ ပြပွဲကို ၂ဝ၁၆ ခုနှစ်တွင် မတ်လအတွင်း ကျင်းပသွားရန် စီစဉ်ထားကြောင်း New Zero Art Space မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ဒုတိယအကြိမ်မြောက် လက်မှု အနုပညာပြပွဲ ကျင်းပနိုင်ရေး အတွက် ကနဦး အနေဖြင့် လက်မှု ပညာပိုင်း ဆိုင်ရာ ညီလာခံကို မန္တလေးမြို့၌ အောက်တိုဘာလ အတွင်း ကျင်းပ သွားမည် ဖြစ်သည်။ ယင်း ညီလာခံ နှင့်အတူ ပြည်ပမှ ဒီဇိုင်း ပညာရှင်များ ဦးဆောင်သော အဆင့်မြင့် ဒီဇိုင်း ပညာပိုင်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ပူးတွဲကျင်းပ သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပခဲ့စဉ်က အောင်မြင်မှု ရရှိခဲ့ပြီး ပျောက်ကွယ်လု နီးပါး လက်မှု အနုပညာ လက်ရာများကို လေ့လာနိုင်ခဲ့ပြီး အများပြည်သူ ပိုမို စိတ်ဝင်စားမှု ရှိရန် လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြန်မာလက်မှု အနုပညာများ အနေဖြင့် ပြည်တွင်း၌ သာမက နိုင်ငံတကာ စံချိန်မီ အရည်အသွေး လက်မှု ပစ္စည်းများ ဖြစ်ပေါ် လာစေရန်၊ ဒီဇိုင်း ဖန်တီးမှုများ နှင့် အရည်အသွေး များတိုးမြှင့် ဆောင်ရွက်နိုင်ရန်၊ တိမ်မြုပ် ပျောက်ကွယ်လု နီးပါး ဖြစ်နေသည့် လက်မှု အနုပညာရပ် များကို လက်လှမ်းမီ သရွေ့ ထိန်းသိမ်း နိုင်ရန် စသည့် ရည်ရွယ်ချက် များဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်ရှိ ပေါင်မြို့၊ ရှမ်းပြည်နယ် အင်းလေး၊ တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့ တို့တွင် ဒေသဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ၊ ရန်ကုန် အခြေပြု ဒီဇိုင်း ပညာရပ်များ၊ စီးပွားရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ၊ လက်မှု အနုပညာ ပြပွဲများကို ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်း အရည်အသွေး မြင့်လက်မှု အနုပညာရပ်များ ပိုမိုဖော်ဆောင် လာနိုင်ပါက နိုင်ငံတကာ ဈေးကွက်တွင် ပိုမိုရောင်းချ နိုင်မည်ဖြစ်ပြီး လက်မှုပညာ ကဏ္ဍတစ်ရပ် သည် ပိုမိုကျယ်ပြန့် လာမည် ဖြစ်ကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger