www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 2, 2015

ရူပဗေဒဘွဲ့လွန် ကျောင်းသား ကျောင်းသူ ၁၀ ဦး ဂျပန်နိုင်ငံ ကျိုတို တက္ကသိုလ်တွင် ပူးပေါင်းသုတေသန ပြုရန် အောက်တိုဘာလတွင် စေလွှတ်မည်


KYOTO UNIVERSITY

ရန်ကုန် ၊ ၂-၉-၂၀၁၅

ရန်ကုန် တက္ကသိုလ် ရူပဗေဒဌာနရှိ ရူပဗေဒဘွဲ့လွန် ပါရဂူ တက်နေသော ကျောင်းသား၊ ကျောင်းသူ ၁ဝ ဦးကို ဂျပန်နိုင်ငံ ကျိုတို တက္ကသိုလ်တွင် နိုင်ငံတကာ အရည်အသွေး အဆင့်မြှင့်တင် ရန်အတွက် ပူးပေါင်း သုတေသန ပြုလုပ်ရန် အောက်တိုဘာ ၁၈ ရက်တွင် ကျိုတို တက္ကသိုလ်သို့ စေလွှတ်မည် ဖြစ်ကြောင်း ပြည် တက္ကသိုလ် ရူပဗေဒဌာန တွဲဖက် ပါမောက္ခ ဒေါက်တာ လှတိုး က ပြောသည်။

ဂျပန်နိုင်ငံ ကျိုတို တက္ကသိုလ်တွင် ပူးပေါင်း သုတေသန ပြုလုပ်ရန် ရန်ကုန် တက္ကသိုလ် ရူပဗေဒဌာနမှ ကျောင်းသား၊ ကျောင်းသူ ၁ဝ ဦး စေလွှတ်ခြင်း အတွက် ကုန်ကျစရိတ် အားလုံးကို ကျိုတို တက္ကသိုလ်မှ ကျခံမည် ဖြစ်ပြီး ကျိုတို တက္ကသိုလ်နှင့် ရန်ကုန် တက္ကသိုလ် တို့သည် စက်တင်ဘာ ၂၂ ရက်တွင် MoU လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန် တက္ကသိုလ်နှင့် ကျိုတို တက္ကသိုလ် သည် ၂ဝ၁၄ ခုနှစ် ဇွန်လမှစ၍ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ အထိ Energy Science Education နှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲကို စွမ်းအင်နှင့် ပတ်သက်သည့် အသိပညာ ဘာသာရပ် ပြန့်ပွားရေး အတွက် ရန်ကုန် တက္ကသိုလ်တွင် သုံးကြိမ်နှင့် ကျိုတို တက္ကသိုလ်တွင် တစ်ကြိမ် စုစုပေါင်း လေးကြိမ် ဆောင်ရွက်ခဲ့ပြီး ဖြစ်ရာ ယင်း အစီအစဉ်၏ နောက်ဆက်တွဲ အစီအစဉ် အရ ကျောင်းသား၊ ကျောင်းသူ ၁ဝ ဦးကို ကျိုတို တက္ကသိုလ်သို့ စေလွှတ်ခြင်း ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်

မြ၀တီနေ့စဉ် ၊ စာ(၅)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger