www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 4, 2015

ဘရာဇီးနိုင်ငံရှိ အသားထုတ်လုပ် တင်ပို့သည့် အဖွဲ့အစည်းမှ မြန်မာနိုင်ငံသို့ အသားတင်ပို့ရန် စီစဉ်နေ



ရန်ကုန် ၊ ၄-၉-၂ဝ၁၅

ဘရာဇီးနိုင်ငံရှိ အသားထုတ်လုပ် တင်ပို့သည့် အဖွဲ့အစည်း တစ်ခုမှ မြန်မာနိုင်ငံသို့ အသားတင်ပို့ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း Brazilian Association of Animal Protein (ABPA) မှ ဒုတိယဥက္ကဋ္ဌ ရူအီအက်ဒူရာဒို ဆဲလ်ဒန်ဟာဗားဂတ်စ် က ပြောသည်။

''ကျွန်တော်တို့ အနေနဲ့ တန်ချိန် အများကြီး တင်ပို့ဖို့တော့ မျှော်လင့် မထားပါဘူး။ ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကတော့ ဟိုတယ်နဲ့ စားသောက်ဆိုင် တွေလိုမျိုး ဝန်ဆောင်မှု လုပ်ငန်းတွေ ဘက်ကို သွားပါလိမ့်မယ်။ မြန်မာနိုင်ငံ ကြက်သား ထုတ်လုပ်မှု ကဏ္ဍမှာပူးပေါင်း ဆောင်ရွက်ဖို့ အတွက် သဘောတူညီမှု လက်မှတ်ထိုးဖို့ ရှိပါတယ်။ ဒီနှစ်ထဲမှာလည်း မြန်မာနိုင်ငံကို လာပြီး မွေးမြူရေး လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ သူတွေနဲ့ တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ပြီး ဘရာဇီးနိုင်ငံရဲ့ အသား ထုတ်လုပ်မှု အကြောင်းကို ရှင်းပြချင် ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

ဘရာဇီးနိုင်ငံရှိ ABPA အဖွဲ့အစည်းမှာ ကမ္ဘာပေါ်တွင် နိုင်ငံတကာသို့ ဝက်သားတင်ပို့ လျက် ရှိသော နိုင်ငံများအနက် စတုတ္ထအများဆုံး တင်ပို့သော အဖွဲ့အစည်း ဖြစ်ပြီး ကြက်သား တင်ပို့မှုတွင်လည်း ဘရာဇီး နိုင်ငံသည် ကမ္ဘာ ပေါ်တွင် အများဆုံး တင်ပို့နိုင်သော နိုင်ငံဖြစ်ကာ မြန်မာနိုင်ငံ သို့လည်း Grade A အဆင့် ကြက်သားများ တင်ပို့မည် ဖြစ်ပြီး ကြက်တစ်ကောင်လုံး သို့မဟုတ် ကြက်သား အပိုင်းအစ များကို ဝယ်လိုအားပေါ် မူတည်၍ ပေးပို့မည် ဖြစ်ကြောင်း သိရသည်။

ပြည်ပမှ တင်သွင်းသော တိရစ္ဆာ န်၊ တိရစ္ဆာ န်ထွက် ပစ္စည်း သို့မဟုတ် တိရစ္ဆာ န် တို့တွင် ကူးစက်ရောဂါ ရှိ၊ မရှိကို လည်းကောင်း၊ တိရစ္ဆာ န်ထွက် ပစ္စည်း သို့မဟုတ် တိရစ္ဆာ န် အစာသည် အရည်အသွေး ပြည့်မီခြင်း ရှိ၊ မရှိနှင့် ဘေးအန္တရာယ် ဖြစ်နိုင်သော ရောဂါပိုး သို့မဟုတ် အဆိပ်အတောက် ပါဝင်ခြင်း ရှိ၊ မရှိ ကိုလည်းကောင်း သတ်မှတ်ထားသည့် ဥပဒေ များနှင့်အညီ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ကြယ်ငါးပွင့် အဆင့်ရှိသည့် ဟိုတယ်များမှာ ပြည်ပမှ အရည်အသွေး ပိုင်းဆိုင်ရာ ထောက်ခံချက် လက်မှတ် ပါရှိသည့် အသားများကိုသာ အသုံးပြု ရကြောင်းနှင့် ယင်း ဟိုတယ်များ ကိုလည်း ပြည်ပမှ အသားတင်သွင်းခွင့် ပေးထားကြောင်း ပြည်တွင်းရှိ ဟိုတယ် လုပ်ငန်းရှင် များထံမှ သိရသည်။

ချမ်းချမ်းကို

မြ၀တီနေ့စဉ် ၊ စာ(၅)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger