www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 9, 2015

ဆင်များကို ထိန်းသိမ်းစောင့် ရှောက်မည့် ကမ်ပိန်းတွင် မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် အဖြစ် ပါဝင်မည်



ရန်ကုန် ၊ ၉-၉-၂ဝ၁၅

အပြည်ပြည်ဆိုင်ရာ တိရစ္ဆာန်များနေ့ ဖြစ်သော အောက်တိုဘာ ၄ ရက်ကို မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် အဖြစ် ပါဝင်ဆင်နွှဲ သွားမည်ဖြစ်ရာ အဆိုပါနေ့တွင် ဆင်များကို ကာကွယ် စောင့်ရှောက်ရန် ကမ်ပိန်းပြုလုပ် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ၏ ဆင်သံတမန်ဖြစ်သူ မစပယ် က ပြောသည်။

''အပြည်ပြည်ဆိုင်ရာ တိရစ္ဆာန်များနေ့မှာ ဆင်ကို ဦးစားပေးပြီး ကမ်ပိန်း လုပ်တယ် ဆိုပေမယ့် တိရစ္ဆာ န်တွေ အားလုံးကို ရည်ရွယ်တာပါ။ မြန်မာနိုင်ငံက ဒီနှစ်မှစလုပ်တယ် ဆိုတော့ လောလောဆယ် ရန်ကုန်မှာပဲ လုပ်မှာပါ။ အသေးစိတ် အစီအစဉ်ကိုတော့ နောက်ပိုင်းမှာ ထုတ်ပြန် သွားမှာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။

ယခုနှစ်တွင် စတင်ပြုလုပ်မည့် အဆိုပါ ကမ်ပိန်းကို ပြင်သစ် ယဉ်ကျေးမှုဌာန၌ အောက်တိုဘာ ၃ ရက်တွင် ကျင်းပရန် စီစဉ်ထားပြီး မည်သူမဆို ပူးပေါင်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။

နိုင်ငံတကာ၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ တိရစ္ဆာန်များနေ့ တွင်လည်း တိရစ္ဆာ န် များအား ကာကွယ် စောင့်ရှောက်ရန် နာမည်ကြီး အနုပညာရှင်များ ကိုယ်တိုင် ပါဝင်လေ့ ရှိကြောင်း သိရသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ တိရစ္ဆာ န်များနေ့ အခမ်းအနားကို ၂ဝ၁၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၄ဝ ကျော်မှ ပါဝင်ဆင်နွှဲ ခဲ့ကာ ယခုနှစ်တွင် နိုင်ငံပေါင်း ၁၅ဝ ခန့်မှ ပါဝင်ဆင်နွှဲမည် ဖြစ်ကြောင်း သိရသည်။

ချမ်းချမ်းကို

မြ၀တီနေ့စဉ် ၊ စာ(၅)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger