www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 2, 2015

ဈေးကွက်အတွင်းရှိ ခွင့်ပြုဆိုးဆေးများကို လိုအပ်သည်ထက် ပိုသုံးစွဲပါက ကျန်းမာရေးဆိုးကျိုးများ ခံစားရနိုင်



ရန်ကုန် ၊ ၂-၉-၂၀၁၅

ဈေးကွက် အတွင်းတွင် အဓိက အားဖြင့် ဆိုးဆေး နှစ်မျိုးရှိပြီး စက်မှုလုပ်ငန်းသုံး ချည်ဆိုးဆေးနှင့် အစားအသောက် ဆိုးဆေးတို့ ဖြစ်သည်။ ချည်ဆိုးဆေးမှာ ဈေးနှုန်း ချိုသာပြီး အရောင်ပိုမို တောက်ပ၍ အစားအသောက် ဆိုးဆေးမှာ ဈေးနှုန်း မြင့်မားကာ အရောင်ဖျော့သာ ရှိကြောင်း ကုန်သွယ်မှု မြှင့်တင်ရေး နှင့် စားသုံးသူရေးရာ ဦးစီးဌာန ၏ ထုတ်ပြန်ချက်များ အရ သိရသည်။

အများအားဖြင့် ဈေးနှုန်းချိုသာသည့် မုန့်များ၊ စားသောက်ဖွယ်ရာ များတွင် ဈေးနှုန်းချိုသာပြီး အရောင်ပိုမို တောက်ပသည့် စက်မှုသုံး ချည်ဆိုးဆေး များကြောင်း မုန့်မျိုးစုံ ကိုယ်စားလှယ်ကြီး တစ်ဦးက ပြောပြသည်။ 
ထုတ်လုပ် ရောင်းချမည့် စားသောက်ဖွယ်ရာ များတွင် အနည်းဆုံး အနေဖြင့် ထုတ်လုပ်သူ အမည် (သို့မဟုတ်) ကုမ္ပဏီ အမည်၊ ထုတ်လုပ်သည့် မြို့၊နိုင်ငံ၊ လိပ်စာ အပြည့်အစုံ၊ ထုတ်လုပ် ပစ္စည်းများ ပြည့်ပြည့်စုံစုံ ပါဝင်ရန်၊ နောက်ဆုံး စားသုံး (သို့မဟုတ်) သုံးစွဲရမည့် ရက်ကို အတိအကျ ဖော်ပြရန်နှင့် သုံးစွဲရန် အညွှန်းတို့ ပါဝင်ရမည် ဖြစ်ကြောင်း သိရသည်။

အစားအသောက်များ ထုတ်လုပ် ရောင်းချရာတွင် ခွင့်ပြု ဆိုးဆေးများ ဖြစ်သော်လည်း သုံးစွဲရမည့် ပမာဏ ထက် ပိုမိုပါက ကျန်းမာရေး ဆိုးကျိုး များကို ခံစားရမည် ဖြစ်သည်။ ခွင့်မပြု ဆိုးဆေး များကြောင့် ဉာဏ်ရည် ဖွံ့ဖြိုးမှု နည်းခြင်း၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု နှေးခြင်း၊ အစာအိမ် အူလမ်းကြောင်း ကင်ဆာဖြစ်ခြင်း၊ အသည်းကင်ဆာ ဖြစ်ခြင်း၊ ကျောက်ကပ် ကင်ဆာ ဖြစ်ခြင်းတို့ ဖြစ်ပွားစေနိုင် ကြောင်း သိရသည်။

အစားအစာများ ရွေးချယ် စားသုံးရာတွင် ပြည့်စုံသော အချက်အလက်၊ ကြိုတင် သတိပေးချက်၊ အစိုးရ အသိအမှတ်ပြု အဖွဲ့အစည်း၊ ဓာတ်ခွဲခန်း အသိအမှတ်ပြု လက်မှတ်များ ပါရှိမှသာလျှင် လုံခြုံစိတ် ချရမည်ဖြစ်သည်။ ထို့ပြင် မိုးတွင်းကာလ တွင်ဖြစ်သဖြင့် အမှည့်လွန် သစ်သီးများ၊ ယင်နားစာများ၊ အဖုံး အကာမဲ့ အစားအစာများ လက်အိတ် မစွပ်ဘဲ ညစ်ပေသော လက်ဖြင့် အစားအစာ များကို ကိုင်တွယ် ရောင်းချခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိဘဲ ရောင်းချသည့် နေရာများ၊ သန့်ရှင်းမှု မရှိသည့် ဆိုင်များမှ မုန့်များ ဝယ်ယူ စားသုံးခြင်း မပြုရန် တို့ကို လုပ်ဆောင် သင့်ကြောင်း ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ထုတ်ပြန်ချက်များ အရ သိရသည်။

ကုန်ပစ္စည်း တစ်ခုချင်းစီ တွင် ဖော်ပြရမည့် Labeling (၁၇)ချက် ပါဝင်ရန် လိုအပ်ပြီး စားသုံးသူ အကာအကွယ် ပေးရေး၊ ဥပဒေအခန်း(၇)၊ ပုဒ်မ(၈)၊ ပုဒ်မခွဲ(ဂ)တွင် ဖော်ပြထားသော Labeling (၁၇)ချက်မှ မိမိ ကုန်ပစ္စည်းနှင့် သက်ဆိုင်သည့် အချက်များ မပါရှိသည့် ကုန်စည် တို့ကို ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်း တို့ မပြုလုပ်ရဟု ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူ ရေးရာ ဦးစီးဌာနမှ ထုတ်ပြန်ချက် တွင် ပါရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger