www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 25, 2015

Hilton Nay Pyi Taw Hotel မှဟိုတယ်သင်တန်းများ ဖွင့်လှစ်သွားမည်


Hilton Nay Pyi Taw Hotel

ရန်ကုန် ၊ ၂၅-၈-၂၀၁၅

အမေရိကန် အခြေစိုက် Hilton Hotels & Resorts လုပ်ငန်းစုမှ မြန်မာနိုင်ငံ၌ လာရောက် ရင်းနှီးမြှုပ်နှံ ထားသော Hilton Nay Pyi Taw Hotel မှ မြန်မာလူငယ်များ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေပေး ရာတွင် အထောက်အကူ ဖြစ်စေရန် ဟိုတယ်သင်တန်းများ ဖွင့်လှစ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ အသိအမှတ် ပြုသည့် အသက်မွေး ဝမ်းကျောင်း ဆိုင်ရာ ဒီပလိုမာ အဆင့် ဟိုတယ် သင်တန်းများကို Hilton Nay Pyi Taw Hotel မှ တာဝန်ရှိ သူများက ကြီးမှူး၍ စက်တင်ဘာ ၁ ရက်မှစတင်ကာ နေပြည်တော်၌ ဖွင့်လှစ်သွားရန် စီစဉ်ထားခြင်း ဖြစ်ပြီး သင်တန်း ကာလမှာ ၂၄ လ ခန့် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

သင်ကြား ပို့ချသွားမည့် ဘာသာရပ် များမှာ Housekeeping ၊ Culinary ၊ Food and Beverage Service နှင့် Pastry Profession တို့ဖြစ်ပြီး ၄င်း သင်တန်းများတွင် သတ်မှတ် ထားသော အရည်အချင်း များနှင့် ကိုက်ညီမှု ရှိသော အသက် ၁၇ နှစ်မှ ၂၄ နှစ်အတွင်းရှိ လူငယ်လူရွယ် များကို စိစစ် ရွေးချယ်ကာ သင်ကြား ပေးသွားမည် ဖြစ်ပြီး အရွေးချယ်ခံ ရသူများကို နေရာထိုင်ခင်း နှင့် အစားအသောက် များစီစဉ် ပေးမည့်အပြင် ပညာ သင် စရိတ်ကိုလည်း ပံ့ပိုး ပေးသွားမည် ဖြစ်ကြောင်း Hilton Nay Pyi Taw Hotel မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

၎င်းသင်တန်း ပြီးဆုံးချိန်တွင် အရည်အချင်းစစ် စာတွေ့ လက်တွေ့ စစ်ဆေးခြင်းများ ပြုလုပ်၍ အောင်မြင်သူ များကို ဒီပလိုမာ လက်မှတ်များ ချီးမြှင့်သွားမည် ဖြစ်ပြီး ထူးချွန်သော သင်တန်းသား များကို နိုင်ငံတကာရှိ Hilton Hotel များနှင့် Resort များတွင် အလုပ်အကိုင် များ ရရှိစေရန် အကူအညီ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နောက်ပိုင်းတွင် ဘာသာရပ် အသစ်များ တိုးချဲ့ ဖွင့်လှစ်ရန် အစီအစဉ် ရှိပြီး ၄င်း သင်တန်းများကို နှစ်စဉ်ဖွင့်လှစ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကိုဆောင်း (ဥက္ကလာ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger