www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 18, 2015

ရေဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက် ၊ ထောက်ပံ့ပစ္စည်းများ ဆက်လက်ပို့ဆောင်



ကလေးဝ ၊ ၁၈-၈-၂၀၁၅

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးဝမြို့ အတွင်း ရေပြန်လည် ကျဆင်းသွားပြီး တင်ကျန် ခဲ့သော နုန်းမြေများအား သြဂုတ် ၁၇ ရက်တွင် အနောက်မြောက် တိုင်းစစ်ဌာနချုပ် ကျီကုန်း တပ်နယ်မှ တပ်မတော်သား များက ဖယ်ရှား ရှင်းလင်းခြင်း၊ လမ်းများပြုပြင် ပေးခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ပေးခြင်း စသည့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထို့အတူ ကလေးမြို့နယ် အတွင်းရှိ ရေဘေးသင့် ပြည်သူများ အတွက် အနယ်နယ် အရပ်ရပ်မှ ပေးပို့ လှူဒါန်းသော ဆန်အိတ်များ၊ စားသောက် ဖွယ်ရာများ၊ အဝတ်အထည်များ နှင့် အခြား အသုံးအဆောင် ပစ္စည်းများအား မုံရွာမြို့မှ ကလေးဝမြို့သို့ ရေယာဉ်များဖြင့် ပို့ဆောင် ပေးလျက်ရှိရာ ကျီကုန်း တပ်နယ်မှ တပ်မတော် သားများက ကလေးဝ ဆိပ်ကမ်း တွင် ရေယာဉ်များ ပေါ်မှ မော်တော်ယာဉ်များ ပေါ်သို့ တင်ပို့ခြင်းများ ဆောင်ရွက်ပေးသည်။

အလားတူ ကလေးတပ်နယ်မှ တပ်မတော်သား များက ရေဘေးသင့် ပြည်သူများ အတွက် ထောက်ပံ့ ပစ္စည်းများအား ကလေးဝ ဆိပ်ကမ်းမှ ကလေးမြို့ ရေဘေး ကယ်ဆယ်ရေး ကွပ်ကဲမှုရုံးသို့ မော်တော်ယာဉ်များ
ဖြင့် ဆက်လက် ပို့ဆောင်ပေး ခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger