www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 26, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုဒိုသတင်းဌာနအား လက်ခံတွေ့ဆုံ၍ မေးမြန်းမှုများကိုဖြေကြား


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
ဂျပန်နိုင်ငံ ကျိုဒိုသတင်းဌာန ၏ ရန်ကုန်ဗျူရို ဌာနမှူး Mr. Hidenori Tajima အား 
လက်ခံ တွေ့ဆုံစဉ်

နေပြည်တော် ၊ ၂၆-၈-၂ဝ၁၅

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့ ညနေ ၃ နာရီတွင် ဂျပန်နိုင်ငံ ကျိုဒို သတင်းဌာန ၏ ရန်ကုန်ဗျူရို ဌာနမှူး Mr. Hidenori Tajima အား ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံ၍ မေးမြန်းမှု များကို ပြန်လည် ဖြေကြားခဲ့သည်။

ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ လက်ရှိပြုပြင် ပြောင်းလဲမှု များနှင့် တပ်မတော် ၏ အခန်းကဏ္ဍ၊ အနာဂတ်နိုင်ငံ အတွက် တပ်မတော်၏ ရည်မှန်းချက်၊ မြန်မာ-ဂျပန် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး၊ ဂျပန်နိုင်ငံထုတ် စစ်ဘက်သုံး အထောက်အကူ ပစ္စည်းများ ရောင်းဝယ်မှု အခြေအနေ များ၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် မြန်မာ့နိုင်ငံရေး တို့အပေါ် သဘောထား အမြင်များအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က ရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger