www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 27, 2015

ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း အား ထိုင်းဘုရင့် ကြည်းတပ် ဦးစီးချုပ် က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို ၊ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေး ၊ ဂုဏ်ပြု ညစာဖြင့် တည်ခင်းဧည့်ခံ


ဒုတိယတပ်မတော်ကကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ထိုင်းဘုရင့် ကြည်းတပ် ဦးစီးချုပ် General Udomdej Sitabutr တို့ 
ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်း ကိုခံယူစဉ်

ဒုတိယတပ်မတော်ကကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ထိုင်းဘုရင့် ကြည်းတပ် ဦးစီးချုပ် General Udomdej Sitabutr နှင့်
 တွေ့ဆုံဆွေးနွေးစဉ်

ဒုတိယတပ်မတော်ကကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ထိုင်းဘုရင့် ကြည်းတပ် ဦးစီးချုပ် General Udomdej Sitabutr တို့ 
အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်စဉ်

နေပြည်တော် ၊ ၂၇-၈-၂၀၁၅

ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိ  နေသော ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း အား ထိုင်းဘုရင့် ကြည်းတပ် ဦးစီးချုပ် General Udomdej Sitabutr က ဂုဏ်ပြုတပ်ဖွဲ့ ဖြင့် ကြိုဆိုသည့် အခမ်းအနား ကို သြဂုတ် ၂၅ ရက် ဒေသ စံတော်ချိန် ညနေ ၃ နာရီတွင် ထိုင်းဘုရင့် ကြည်းတပ် ဌာနချုပ်၌ ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ကြိုဆိုသည့် အခမ်းအနားသို့ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာရာ ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ် General Udomdej Sitabutr က ကြိုဆို နှုတ်ဆက်သည်။

ထို့နောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး ထိုင်းဘုရင့် ကြည်းတပ် ဦးစီးချုပ်နှင့် အတူ ဂုဏ်ပြုတပ်ဖွဲ့ အား စစ်ဆေးသည်။

ယင်းနောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် General Udomdej Sitabutr တို့သည် တက်ရောက် လာကြသည့် နှစ်နိုင်ငံ အရာရှိကြီးများနှင့် အပြန်အလှန် မိတ်ဆက်ပေးကြသည်။

ထို့နောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဗိုလ်ချုပ်ကြီး ချူလာလောင်ကွန် အထိမ်းအမှတ် ရုပ်တု၌ ပန်းခွေချ အလေးပြုပြီး ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင် လက်မှတ် ရေးထိုးသည်။

ထို့နောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ် General Udomdej Sitabutr နှင့် ကြည်းတပ် ဧည့်ခန်းမ၌ တွေ့ဆုံပြီး နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အနှောင့်အယှက် ဟန့်တားမှု ဖြစ်သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ လူကုန်ကူးမှု အပါအဝင် လက်နက် မှောင်ခို ရောင်းဝယ်မှု များအတွက် တပ်မတော် နှစ်ရပ်အကြား အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ လေ့ကျင့်ရေးပိုင်း ဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ရေး နှင့် သင်တန်းသား များ တိုးမြှင့် စေလွှတ်ရေး၊ မြန်မာနိုင်ငံ အချို့နေရာ များတွင် ရေလွှမ်းမိုး ခဲ့မှုနှင့် ပြန်လည် ထူထောင်ရေး၊ ဆေးကုသရေး ဆိုင်ရာများတွင် အကူအညီ ပေးရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ကြသည်။

အဆိုပါ တွေ့ဆုံပွဲများသို့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ မြန်မာ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့် ကြည်းတပ် ဦးစီးချုပ် General Udomdej Sitabutr နှင့်အတူ ထိုင်းဘုရင့် တပ်မတော်မှ အရာရှိကြီးများ တက်ရောက် ကြသည်။

၎င်းနောက် ညနေပိုင်းတွင် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီး ဒေါ်သန်းသန်းနွယ် အား ထိုင်းဘုရင့် ကြည်းတပ် ဦးစီးချုပ် General Udomdej Sitabutr နှင့်ဇနီး Mrs. Vipada Sitabutr က ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည့် အခမ်းအနားကို ဒေသ စံတော်ချိန် ည ၇ နာရီခွဲတွင် ကြည်းတပ် ရိပ်သာ (Army House)၌ ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့ ရောက်ရှိလာရာ ထိုင်းဘုရင့် ကြည်းတပ်ဦးစီးချုပ် General Udomdej Sitabutr က ကြိုဆို နှုတ်ဆက်သည်။

အဆိုပါ ဂုဏ်ပြု ညစာစားပွဲသို့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဇနီး ဒေါ်သန်းသန်းနွယ် တို့နှင့်အတူ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင် နှင့်ဇနီး၊ တပ်မတော် အရာရှိကြီးများ၊ မြန်မာစစ်သံမှူး (ကြည်း၊ရေ၊ လေ) ဗိုလ်မှူးချုပ် ချစ်ဆွေ နှင့်ဇနီးတို့ တက်ရောက်ပြီး ထိုင်းဘုရင့် တပ်မတော်မှ General Udomdej Sitabutr ၊ ဇနီး Mrs. Vipada Sitabutr တို့နှင့်အတူ အရာရှိကြီးများနှင့် ဇနီးများ တက်ရောက် ကြသည်။

ဂုဏ်ပြု ညစာစားပွဲတွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် General Udomdej Sitabutr တို့သည် ဂုဏ်ပြု နှုတ်ခွန်းဆက် စကားများ အပြန်အလှန် ပြောကြားကြပြီး အဖွဲ့ဝင် များနှင့်အတူ ညစာကို အတူတကွ သုံးဆောင် ကြသည်။

ညစာ မသုံးဆောင်မီ နှင့် သုံးဆောင်နေစဉ် အတွင်း ထိုင်းဘုရင့် ကြည်းတပ် တေးဂီတအဖွဲ့ မှ နှစ်နိုင်ငံ တေးသီချင်းများ၊ ရိုးရာအကများ ဖြင့် သီဆိုကပြ ဖျော်ဖြေ ကြသည်။

ဂုဏ်ပြုညစာ စားပွဲအပြီးတွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး၊ General Udomdej Sitabutr နှင့်ဇနီးတို့သည် လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး အဖွဲ့ဝင်များနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger