www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 27, 2015

ယခုနှစ်အတွင်း မြန်မာ့ဆိပ်ကမ်းများသို့ ရောက်ရှိလာသော ကားအစီးရေ ၈၅ဝဝဝ ကျော်ရှိလာ


မြန်မာ့ဆိပ်ကမ်းသို့ ရောက်ရှိလာသော မော်တော်ယာဉ်များကို တွေ့ရစဉ်

ရန်ကုန် ၊ ၂၇-၈-၂ဝ၁၅

ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ပင်လယ် ရေကြောင်းမှ တင်သွင်းလာသော ကားများမှာ သြဂုတ်လကုန် ပိုင်းအထိ အစီးရေ ၈၅ဝဝဝ ကျော်အထိ ရှိလာကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သိရသည်။

အဆိုပါ ကားများကို မှာယူသည့် ယာဉ်ပိုင်ရှင်များက ကားတင် သင်္ဘောများဖြင့် မောင်းတင်၊ မောင်းချစနစ် ကို ကျင့်သုံးကာ တင်ဆောင် လာခြင်းများ ရှိသကဲ့သို့ ကုန်တင် သင်္ဘောများဖြင့် ကုန်သေတ္တာ များအတွင်း ထည့်သွင်း၍ တင်ဆောင် လာခြင်းများလည်း ရှိကြောင်း ကားအရောင်း စင်တာများ မှ သိရသည်။

''တချို့က ကုန်သေတ္တာထဲ ထည့်သယ်ရင် အထိအခိုက် သိပ်မရှိဘူး လို့ထင်တယ်။ ဘယ်လိုနည်းနဲ့ ပဲသယ်သယ် ဆိပ်ကမ်း အတင်အချမှာ တစ်စုံတစ်ခု ချွတ်ယွင်းချက် ရှိရင် ထိခိုက်မိ နိုင်တာပါပဲ'' ဟု ကားအရောင်း စင်တာမှ မန်နေဂျာ တစ်ဦးက ပြောသည်။

ယခုနှစ် ဇန်နဝါရီလတွင် ကားသင်္ဘော ကိုးစင်း၊ ဖေဖော်ဝါရီလ တွင် ၁၅ စင်း၊ မတ်လတွင် ၁၅ စင်း၊ ဧပြီလတွင် ၁ဝ စင်း၊ မေလတွင် ၁၂ စင်း၊ ဇွန်လတွင် ၁၂ စင်း၊ ဇူလိုင်လတွင် ၁၂ စင်း၊ သြဂုတ်လတွင် ၉ စင်း ဝင်ရောက် ခဲ့ကြောင်းနှင့် ဆိပ်ကမ်းချသည့် ကားအစီးရေ မှာလည်း ဇန်နဝါရီလ တွင် ၇၇၉၁ စီး၊ ဖေဖော်ဝါရီလ တွင် ၁၂၈၅၃ စီး၊ မတ်လတွင် ၁၄၁၇၆ စီး၊ ဧပြီလတွင် ၁ဝ၉၂၃ စီး၊ မေလတွင် ၁ဝဝ၅၅ စီး၊ ဇွန်လတွင် ၁၂ဝ၇၅ စီး၊ ဇူလိုင်လ တွင် ၁ဝ၁၈၈ စီးနှင့် သြဂုတ်လ တွင် အစီးရေ ၇၅ဝဝ ကျော်ရှိ ခဲ့ကြောင်း သိရသည်။

ထက်ခိုင်(စမ်းချောင်း)

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger