www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 25, 2015

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပမည်



ရန်ကုန် ၊ ၂၅-၈-၂၀၁၅

ကုလသမဂ္ဂ၏ လက်အောက်ခံ နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သော ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် (United Nations World Tourism Organization – UNWTO) သည် စက်တင်ဘာ ၂၇ ရက်တွင် ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ (World Tourism Day)အဖြစ် သတ်မှတ်ထားပြီး ကမ္ဘာ့နိုင်ငံ အသီးသီးတွင် အထိမ်းအမှတ် အခမ်းအနား များကို နှစ်စဉ် ကျင်းပလေ့ ရှိရာ မြန်မာနိုင်ငံ၌ အဆိုပါနေ့ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် အထိမ်းအမှတ် အခမ်းအနား ကျင်းပမည့် အပြင် စာစီစာကုံး ပြိုင်ပွဲကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာစီစာကုံး ပြိုင်ပွဲ ခေါင်းစဉ်မှာ ၂ဝ၁၅ ခုနှစ် ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ အတွက် သတ်မှတ် ထုတ်ပြန်ထားသော ဆောင်ပုဒ် ဖြစ်သည့် One billion Tourists, One Billion Opportunities ဟူ၍ဖြစ်ပြီး မြန်မာ
နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ် ကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင် နိုင်ကြောင်း၊ ပြိုင်ပွဲဝင်မည့် ကျောင်းသား၊ ကျောင်းသူ များသည် အင်္ဂလိပ်စာ အလုံးရေ ၃ဝဝ ခန့် ရေးသား ထားသော ကမ္ဘာ့ ခရီးသွား လုပ်ငန်းနှင့် ဆက်စပ်သည့် စာစီစာကုံး များဖြင့် ယှဉ်ပြိုင်ကြ ရမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ အဆိုပါ ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ အခမ်းအနား ကို ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ နေပြည်တော် ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ-၂ (MICC-II) တွင် ကျင်းပရန် စီစဉ်လျက်ရှိပြီး အဆိုပါ အခမ်းအနားတွင် စာစီစာကုံး ပြိုင်ပွဲ၌ ဆုရရှိသူ များကို ဆုများပေးအပ် ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

မြဝတီနေ့စဉ် ၊ စာ(၃ဝ)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger