www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 17, 2015

၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့ခရီးသွားဆောင်ပုဒ် ဖြစ်သည့် 1 Billion Tourists, 1 Billion Opportunities ကို မြန်မာဆောင်ပုဒ် အဖြစ် အကောင်းဆုံး ဘာသာပြန်ပေး နိုင်သူအား ဆုချီးမြှင့်မည်



ရန်ကုန် ၊ ၁၇-၈-၂၀၁၅

၂ဝ၁၅ ခုနှစ်အတွက် ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်မှ ချမှတ်ထားသော ဆောင်ပုဒ် ဖြစ်သည့် 1 Billion Tourists, 1 Billion Opportunities ကို ဆီလျော်သော မြန်မာဆောင်ပုဒ် အဖြစ် အကောင်းဆုံး ဘာသာပြန် ပေးနိုင်သူအား အမှတ်တရဆု ချီးမြှင့်ပေးမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ ကြေညာခဲ့သည်။

ကမ္ဘာ့ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် (UNWTO) သည် စက်တင်ဘာ ၂၇ ရက်အား ကမ္ဘာ့ ခရီးသွား လုပ်ငန်းနေ့ အဖြစ် သတ်မှတ်ထားပြီး အဖွဲ့ဝင် နိုင်ငံ အသီးသီး၌ ခရီးသွား လုပ်ငန်းဆိုင်ရာ ဂုဏ်ပြု အခမ်းအနား များကို နှစ်စဉ် ကျင်းပလျက် ရှိကာ မြန်မာနိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့ ခရီးသွား လုပ်ငန်းနေ့ ၂ဝ၁၅ အခမ်းအနားတွင် ဖော်ပြပါ ဆောင်ပုဒ်ကို မြန်မာဘာသာ ဖြင့် ဖော်ပြ အသုံးပြုရန် ယခုကဲ့သို့ ပြုလုပ်ခြင်း ရဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင် လိုသူများ အနေဖြင့် ဘာသာပြန်ဆို ထားမှုများအား ညွှန်ကြားရေးမှူးချုပ် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန ရုံးအမှတ် (၃၃) နေပြည်တော်သို့ ဖြစ်စေ၊ e-Mail လိပ်စာ myanmartourism.org@gmail.com နှင့် dg.dhtd.moht@gmail.com တို့သို့ဖြစ်စေ အမည်၊ မှတ်ပုံတင်အမှတ်၊ ဆက်သွယ်ရန် လိပ်စာတို့ကို ဖြည့်စွက်၍ သြဂုတ် ၂၇ ရက် နောက်ဆုံးထား ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၅)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger