www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 20, 2015

အေးခဲအသားများ ပြည်ပမှတရားဝင် တင်သွင်းမှုမြင့်တက် လာခြင်းကို အထူးစီမံချက်ဖြင့် စစ်ဆေးထိန်းချုပ် သွားမည်



ရန်ကုန် ၊ ၂၀-၇-၂၀၁၅

အရည်အသွေးမြင့် အေးခဲအသား များကို ပြည်ပမှ တရားဝင် တင်သွင်းခွင့်ပြု ထားပြီး ဖြစ်သော်လည်း နယ်စပ် လမ်းကြောင်းများမှ တစ်ဆင့် အေးခဲ အသားများကို တရားမဝင် တင်သွင်းမှုများ မြင့်တက် လာသောကြောင့် အထူး စီမံချက် တစ်ခုအနေဖြင့် စစ်ဆေး အရေးယူမှုများ ပြုလုပ် သွားတော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းစိန် က ပြောသည်။

ယခုအခါ ပြည်တွင်း အေးခဲ အသားများကို တရားမဝင် အများဆုံး တင်သွင်းနေသည့် နိုင်ငံများမှာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ဖြစ်ပြီး မူဆယ်၊ မြဝတီ လမ်းကြောင်းတို့မှ အများဆုံး တင်သွင်းလျက် ရှိကာ တချို့ တင်သွင်းလာသည့် အေးခဲ အသားများမှာ အရည်အသွေး ပြည့်မီခြင်း မရှိကြောင်း သိရသည်။

ထိုကဲ့သို့ ပြည်ပမှ အေးခဲအသားများ တရားမဝင် လမ်းကြောင်းများမှ တစ်ဆင့် ဝင်ရောက် လာခြင်းကြောင့် ပြည်တွင်း အသားဈေးနှုန်း များကိုပါ အပြောင်းအလဲ ဖြစ်စေသည့် အပြင် အသားကဏ္ဍ အရောင်းအဝယ် ဈေးကွက်နှင့် မွေးမြူရေး ဈေးကွက် နှစ်ခုလုံးကိုပါ ထိခိုက် စေနိုင်ကြောင်း၊ ပြည်ပမှ အေးခဲအသားများ တရားဝင် တင်သွင်း သူများကို ဈေးကွက်ထိခိုက် စေနိုင်ကြောင်း ပညာရှင် များက သုံးသပ်ပြောသည်။

အေးခဲအသား များကို ပြည်ပမှ တရားဝင် တင်သွင်းခွင့်ပြု လိုက်ခြင်းမှာလည်း ပြည်တွင်း အသားဈေးကွက် ကို ထိန်းချုပ်နိုင်ရန် ဖြစ်ပြီး နိုင်ငံခြား ခရီးသွား ဧည့်သည် ဝင်ရောက်မှု မြင့်တက် လာခြင်းကြောင့် ဟိုတယ်နှင့် စားသောက်ဆိုင် ကြီးများ၌ အရည်အသွေးမြင့် အေးခဲ အသားများ လုံလောက်စွာ ရရှိနိုင်ရန် ပြည်ပမှ အေးခဲအသားများ တင်သွင်းခွင့်ပြု လိုက်ခြင်း ဖြစ်သည်။

ထက်နေ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger