www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 21, 2015

ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ အင်းလေးကန်ကြီးကို ဇီဝအ၀န်းနယ်မြေ အဖြစ် သတ်မှတ်လိုက်ပြီးနောက် ဥပဒေစည်းမျဉ်းစည်းကမ်း များကို လိုက်နာရန်လို



တောင်ကြီး ၊ ၂၁-၇-၂၀၁၅

ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် အများစုက ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ အင်းလေးကန် ကြီးကို ယူနက်စကို က ဇီဝအဝန်း နယ်မြေ အဖြစ် သတ်မှတ် လိုက်ပြီးနောက် ချမှတ် ထားရှိမည့် ဥပဒေ စည်းမျဉ်း၊စည်းကမ်း များကို အထူး လိုက်နာရန် လိုအပ်ကြောင်း ဒေသခံ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် တစ်ဦးထံမှ သိရသည်။

လွန်ခဲ့သည့် ဇွန် ၈ ရက်မှ ၁၂ ရက်ထိ ပြင်သစ်နိုင်ငံ ပါရီမြို့၌ ငါးရက်တိုင်တိုင် ကျင်းပ ပြုလုပ်ခဲ့သည့် လူသားနှင့် ဇီဝအဝန်းနယ်မြေ ဆိုင်ရာ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ကော်မတီ၏ (၂၇) ကြိမ်မြောက် အစည်းအဝေး တွင် အထက်ပါ ကဲ့သို့ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ အင်းလေးကန် ကြီး၏ ဇီဝအဝန်း နယ်မြေ၌ ရေဝေရေလဲ ဒေသအဖြစ် မြို့နယ် ၁ဝ မြို့နယ် ပါဝင်မည်ဖြစ်ပြီး တည်ထောင်မည့် နယ်မြေများကို ဗဟိုဇုန် (Core Zone) ၊ ကြားဇုန်( Buffer Zone) နှင့် အသွင်ကူး ပြောင်းဇုန် (Transition Zone) သုံးခု သတ်မှတ်ကာ စီမံကိန်းများ ချမှတ် ဆောင်ရွက်သွားမည် ဖြစ်ပြီး အဆိုပါ ဇုန်သုံးခု၏ စုစုပေါင်း ဧရိယာ အကျယ်အဝန်းမှာ ၄၈၉၇၂၁ ဟက်တာ၊ ငှက်မျိုးစိတ် ၂၇ဝ ၊ ငါး ၄၃ မျိုး၊ လိပ်သုံးမျိုး၊ လိပ်ပြာ ၉၄ မျိုး၊ ကုန်းနေရေနေ သတ္တဝါပေါင်း ၃၄ မျိုး ကျက်စား နေထိုင်လျက် ရှိကြောင်း၊ ဆေးဖက်ဝင် အပင်ပေါင်း ၅၂၇ မျိုး နှင့် ရှားပါးသစ်ခွ ၁၃၅ မျိုး ပေါက်ရောက်လျက် ရှိကြောင်း သိရသည်။

အထက်ပါ စီမံကိန်းအရ ချမှတ် ဆောင်ရွက်ရမည့် စည်းမျဉ်း၊ စည်းကမ်းများ အပြင် ကန့်သတ်ချက် အချို့ ပါရှိလာမည် ဖြစ်သဖြင့် ဒေသခံ ရေလုပ်သားများ အနေဖြင့်လည်း သက်ဆိုင်ရာ ဌာနများ၊ ဒေသခံများနှင့် ပူးပေါင်း ဆောင်ရွက် သွားရန် လိုအပ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် များက အကြံပေး တိုက်တွန်းထားသည်။ ကမ္ဘာနှင့် တစ်ဝန်းတွင် ဇီဝအဝန်း နယ်မြေပေါင်း ၆၅၁ ခုကို နိုင်ငံပေါင်း ၁၂ဝ တွင် သတ်မှတ် ထားရှိကာ မြန်မာနိုင်ငံ သည်လည်း လူသားနှင့် ဇီဝအဝန်း အဝိုင်း ကွန်ဗင်းရှင်း အဖွဲ့ဝင် တစ်နိုင်ငံ ဖြစ်ကြောင်း သိရသည်။(၁၇၅)

ရတနာပုံနေ့စဉ် ၊ ၂၁-၇-၂၀၁၅ ၊ စာ(၁၅)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger