www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 6, 2015

ယခုနှစ် ခရီးသွားရာသီ၏ ပထမလေးလပတ် အတွင်း မြန်မာနိုင်ငံ၌ ခရီးသည်ဝင်ရောက်မှု ၁၃ ရာခိုင်နှုန်း တိုးတက်လာ



ရန်ကုန် ၊ ၆-၇-၂ဝ၁၅

ယခုနှစ် ခရီးသွား ရာသီ၏ ပထမ လေးလပတ် အတွင်း အာဆီယံနိုင်ငံ များတွင် ခရီးသွားဧည့်သည် ဝင်ရောက်မှု ၃ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်း အထိ ကျဆင်း ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ခရီးသွား ဧည့်သည် ဝင်ရောက်မှု ၁၃ ရာခိုင်နှုန်း အထိ တိုးတက် လာခဲ့ကြောင်း အာဆီယံ ခရီးသွား လုပ်ငန်းရှင် အသင်းများမှ သိရသည်။

ဒေါ်လာဈေး မြင့်တက်ပြီး ယူရိုငွေ အနည်းငယ် ဈေးကျဆင်း ခဲ့ခြင်းကြောင့် ဥရောပ ခရီးသည် အဝင်လျော့ကျ လာခြင်းသည် အာဆီယံ နိုင်ငံများတွင် ခရီးသည်အဝင် ကျဆင်း သွားရသည့် အဓိက အကြောင်းအရင်း ဖြစ်ပြီး ထိုင်းနိုင်ငံရေး ပြဿနာ တချို့နှင့် မလေးရှား လေကြောင်းလိုင်း ပြဿနာ များကြောင့် ခရီးသည် ဝင်ရောက်မှု လျော့ကျ သွားခြင်း ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဧပြီလအထိ မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွား ဧည့်သည် တစ်သန်းကျော် ဝင်ရောက်ခဲ့သည်။ လက်ရှိတွင် ခရီးသွား ဧည့်သည် ဝင်ရောက်မှု နည်းသည့် မိုးရာသီ ဖြစ်သော်လည်း နယ်စပ် ဝင်ပေါက်မှ ပြည်တွင်းသို့ လာရောက် လည်ပတ်သည့် ခရီးသွား ဧည့်သည် အများအပြား ရှိနေပြီး ယမန်နှစ် ကထက် များစွာ တိုးတက် လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီး ဌာနမှ သတင်း ထုတ်ပြန် ထားသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ မြန်မာ - ထိုင်းနယ်စပ်၊ အိန္ဒိယနယ်စပ် နှင့် တရုတ်နယ်စပ် တို့မှ နိုင်ငံခြား ခရီးသွား ဧည့်သည်များ စဉ်ဆက်မပြတ် ဝင်ရောက်နေပြီး ယမန်နှစ် ကထက် ခရီးသည်အဝင် တိုးလာသည်။ ဇွန်လအတွင်း နိုင်ငံခြား ခရီးသွားဧည့်သည် အဖွဲ့ ခုနစ်ဖွဲ့မှ ဆိုင်ကယ် ၃၇ စီး၊ ကား ၁၅ စီးတို့ဖြင့် လာရောက် လည်ပတ်ခဲ့ပြီး ဂျာမနီ၊ ထိုင်း၊ တရုတ်နှင့် ချက် နိုင်ငံသားများ ပါဝင်ကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger