www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 8, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်အစိုးရ၏ အထူးသံတမန်နှင့် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်အစိုးရ၏ အထူးသံတမန်နှင့် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံစဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်အစိုးရ၏ အထူးသံတမန်နှင့် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဖြစ်သူ Mr. Yohei SASAKAWA တို့အဖွဲ့ဝင်များ နှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်စဉ်

နေပြည်တော် ၊ ၈-၇-၂၀၁၅

တိုင်းပြည်၏ နိုင်ငံရေးအရ တည်ငြိမ် အေးချမ်းမှု ၊ လုံခြုံရေးအရ တည်ငြိမ် အေးချမ်းမှုများ ရရှိပြီးပါက မိမိတို့၏ ရည်မှန်းချက်များ လွယ်ကူစွာ ပြီးမြောက် အောင်မြင်နိုင်မည် ဖြစ်ကြောင်း ၊ သို့ဖြစ်၍ ပြုပြင် ပြောင်းလဲမှုများ ၊ ငြိမ်းချမ်းရေး ကိစ္စရပ်များ ဆောင်ရွက် နေခြင်းဖြစ်ပြီး အဆွေတော် တို့၏ ကူညီအားပေးမှု များအတွက် လှိုက်လှဲစွာ ကျေးဇူးတင် ပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ဂျပန် အစိုးရ၏ အထူးသံတမန် နှင့် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဖြစ်သူ Mr. Yohei SASAKAWA အား ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင် ၌ လက်ခံတွေ့ဆုံ ရာတွင် ထည့်သွင်း ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး Mr. Yohei SASAKAWA နှင့်အတူ Sasakawa Peace Foundation, USA ၏ဥက္ကဋ္ဌ၊ အငြိမ်းစား ရေတပ် ဗိုလ်ချုပ်ကြီး ဖြစ်သူ Mr. Dennis C. Blair၊ ဂျပန်ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့၏ စစ်ဦးစီးချုပ် ဟောင်း ဖြစ်သူ Mr. Shigery IWASAKI နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံ ရာတွင် တပ်မတော် နှစ်ရပ်အကြား ဆက်ဆံမှု တိုးမြှင့်ရေး ကိစ္စရပ်များ ၊ အရာရှိကြီးများ ချစ်ကြည်ရေး ခရီးစဉ် ကိစ္စရပ်များ၊ ဂျပန်နိုင်ငံ ကာကွယ်ရေး တက္ကသိုလ်တွင် မြန်မာ ဗိုလ်လောင်းများ တက်ရောက် သင်ကြားမှု ကိစ္စရပ်များ၊ ဂျူဒိုနှင့် လှံစွပ်ထိုး စသည့် အားကစားများ မြှင့်တင်ရေး အတွက် နည်းပြများ စေလွှတ်ရေး၊ ၀တ်စုံများ ကူညီထောက်ပံ့ရေး ကိစ္စရပ်များ၊ ဒုက္ခသည်များ ကူညီထောက်ပံ့မှု ကိစ္စရပ်များ နှင့် မြန်မာ- အမေရိကန် နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေး ကြသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဂျပန်အစိုးရ၏ အထူးသံတမန်နှင့် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဖြစ်သူ Mr. Yohei SASAKAWA တို့သည် အဖွဲ့ဝင်များ နှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger