www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 17, 2015

ရန်ကုန် - ပုသိမ် - ချောင်းသာ အပျော်စီးသင်္ဘော ခရီးစဉ် ပြေးဆွဲမည်



ရန်ကုန် ၊ ၁၇-၇-၂၀၁၅

ပြည်တွင်းနှင့် ပြည်ပ ခရီးသွား ဧည့်သည် များအတွက် ရန်ကုန်- ပုသိမ်- ချောင်းသာ အပျော်စီးသင်္ဘော ခရီးစဉ်များကို လာမည့် အောက်တိုဘာလ တွင် Royal Green River Co.,Ltd. မှ Royal Green River Princess အပျော်စီး ညအိပ် သင်္ဘောဖြင့် ရန်ကုန် - ပုသိမ် - ချောင်းသာ - ပုသိမ် -ရန်ကုန် အပျော်စီး သင်္ဘောခရီးစဉ် ပြေးဆွဲမည် ဖြစ်ကြောင်း Royal Green River Co.,Ltd. မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ခရီးစဉ် အနေဖြင့် ဗိုလ်တထောင် ဆိပ်ကမ်း မှ သောကြာနေ့ ညနေတွင် စတင် ထွက်ခွာမည် ဖြစ်ပြီး စနေနေ့ နံနက်တွင် ပုသိမ် ဆိပ်ကမ်းသို့ ရောက်ရှိမည် ဖြစ်ကာ တနင်္လာနေ့ နံနက်တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။

''မိုးတွင်း ရောက်လာလို့ အပျော်စီး သင်္ဘောတွေက မေလကုန် ဇွန်လ ပထမပတ် ကစပြီး နားထားတာပါ။ အောက်တိုဘာလ မှာ ပုသိမ် - ချောင်းသာ ခရီးစဉ် စဆွဲမယ်။ ဒီခရီးစဉ်မှာ ခရီးသည် ၁၆ ဦး လိုက်နိုင်ပါတယ်။ သုံးထပ် သင်္ဘောနဲ့ သွားမှာပါ။ လူတစ်ဦး အတွက် အခန်းက အမျိုးမျိုး ရှိပါတယ်။ သင်္ဘောက ချောင်းသာ အထိ မရောက်ပါဘူး။ ပုသိမ် အထိပဲ ရောက်မှာပါ။ ပုသိမ်ကနေ ကားနဲ့ ပို့ပေးမှာပါ။ ခရီးစဉ် တစ်လျှောက်လုံး ကို ကုမ္ပဏီ ဘက်က အကုန်စီစဉ် ပေးမှာပါ။ ချောင်းသာ ရောက်ရင် တည်းမယ့် ဟိုတယ် ကအစ အကုန်ပါပြီး သားပါ'' ဟု Royal Green River Co.,Ltd. မှ တာဝန်ရှိသူက ပြောသည်။

Royal Green River ကို ၂ဝ၁၃ ခုနှစ်က စတင် တည်ထောင် ပြေးဆွဲခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ အနှံ Tour Destination ရေကြောင်း ခရီးစဉ်များသို့ စင်းလုံးငှား ညအိပ်ခရီးစဉ် များသာမက ယခုအခါ နေ့စဉ် အစီအစဉ် အလိုက် ရန်ကုန်မြစ် တစ်လျှောက် ညနေပိုင်း ဇိမ်ခံ သင်္ဘောများကို အလှည့်ကျ ပြေးဆွဲလျက် ရှိကြောင်း၊ ဇိမ်ခံ သင်္ဘောတွင် မင်္ဂလာဆောင် ပွဲများ၊ မွေးနေ့အလှူ မင်္ဂလာပွဲ များ၊ မိမိတို့ ကုမ္ပဏီ၏ ကုန်ပစ္စည်း အသစ် မိတ်ဆက်ပွဲများ ကိုလည်း စင်းလုံးငှား ဝန် ဆောင်မှုများ ပေးလျက် ရှိကြောင်း သိရသည်။

ခရီးသည် ၁၂ ဦး ဝင်ဆံ့သော Royal Green River Baby သည် လန်ဒန် မှ သိမ်းမြစ်အတွင်း ပြေးဆွဲသော ဇိမ်ခံသင်္ဘောငယ် ပုံစံဖြစ်ပြီး သီးသန့် ခရီးသည် အဖွဲ့လိုက် ခရီးပြေးဆွဲ ပေးခြင်းနှင့် ရန်ကုန် မြစ်ကြောင်း တစ်လျှောက် နာရီအလိုက် စင်းလုံးငှား ဝန်ဆောင်မှု ပေးလျက် ရှိကြောင်းလည်း သိရသည်။

ဇာညီသစ္စာ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger