www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 12, 2015

၂ဝ၁၄ ခုနှစ်အတွက် တစ်သက်တာ စာပေဆုကို အမျိုးသား စာပေဆုရ ဆရာကြီး ညိုဝင်းနှင့် ဒေါက်တာချစ်တို့ရရှိ


ရန်ကုန် ၊ ၁၂-၆-၂ဝ၁၅

ပခုက္ကူ ဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆု များကို နှစ်စဉ် ချီးမြှင့်လျက် ရှိရာ ၂ဝ၁၄ ခုနှစ်အတွက် ပခုက္ကူ စာပေဆု ရရှိသူများ၏ အမည်စာရင်းကို ပခုက္ကူ စာပေဆု ရန်ပုံငွေ ကြီးကြပ်ရေး ကော်မတီက ယမန်နေ့ တွင် ထုတ်ပြန် ကြေညာသည်။

ဝတ္ထုတို ပေါင်းချုပ် ဆုတွင် ပထမဆု ကို သန်းမြင့်သန်း ရေးသားသည့် ''အဖေ့အတွက် ဟင်းတစ်ခွက်'' ဝတ္ထုတိုများ စာမူ၊ ဒုတိယဆုကို ရဲမြတ်တင် ရေးသားသည့် ''ကျွန်တော့် ဝတ္ထုတိုများ'' စာမူ၊ တတိယဆု ကို
မကျေးဥ ရေးသားသည့် ''မေတ္တာမိုးရေနှင့် အခြား ဝတ္ထုတိုများ'' စာမူတို့ ကလည်းကောင်း၊ ဝတ္ထုရှည်ဆု တွင် ဒုတိယဆု ကို သိန်းဇော်ဦး (ရွှေလီ) ရေးသားသည့် ''လွိုင်ဆမ်ဆစ် တောင်သုံးဆယ် တစ်လုံးတည်း ထားချင်တယ်'' စာမူ၊ တတိယဆု ကို ကေတုလှနိုင် ရေးသားသည့် ''ရင်ဆိုင် တိုက်ပွဲ'' စာမူတို့က လည်းကောင်း၊ ကဗျာပေါင်းချုပ် ဆုတွင် ပထမဆုကို မောင်ရိုးညှာ (ပင်လည်ဘူး) ရေးသားသည့် ''သံစဉ်ကွဲ စောင်းကြိုး နှင့် အခြားကဗျာများ''  စာမူ၊ ဒုတိယဆုကို ထွန်းထွန်း (သာယာဝတီ) ရေးသားသည့် ''အောက်ကွင်း အင်းကော ရွှေလယ်တော နှင့် အခြားကဗျာများ'' စာမူ၊ တတိယဆုကို ကျော်စိုး (မြင်းမူ) ရေးသားသည့် ''ဣနြေ္ဒချစ်သူ ကဗျာများ'' စာမူတို့က လည်းကောင်း၊ သုတေသနဆု တွင် ဒုတိယဆု ကို ဦးထွန်းညို (ရန္တပို) ရေးသားသည့် " စုစည်းရှာဖွေ မန်လည် ဂန္ထ၀င်စာပေ'' စာမူ၊ တတိယဆု ကို မောင်ယဉ်လှိုင်း (ပျဉ်းမမြိုင်) ရေးသားသည့် ''မြန်မာမှု ပန်းအလင်္ကာ'' စာမူတို့က လည်းကောင်း၊ ကျမ်းစာပေဆု တွင် ဒုတိယဆု ကို နေမျိုးသန့် ရေးသားသည့် ''စိုပြည်လှပ မြန်မာ့သက်ကြီး ရွယ်အိုဘဝ'' စာမူ၊ တတိယဆု ကို မောင်မောင်ချစ်ဦး (မုံရွာ) ရေးသားသည့် ''သွေးချင်းတို့ရဲ့ အင်းတော်ကြီး'' စာမူတို့က လည်းကောင်း အသီးသီး ရရှိကြသည်။

၂ဝ၁၄ ခုနှစ်အတွက် ''တစ်သက်တာ စာပေဆု''ကို အမျိုးသားစာပေဆုရ စာရေးဆရာကြီး ညိုဝင်းနှင့် ဒေါက်တာချစ် တို့က ရရှိသည်။ ပခုက္ကူ ဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆု အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် ပညာသင်ဆုများ အတွက် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်)မှ မအိထက်ထက်စံ ဒုတိယနှစ်(ဂီတအထူးပြု) နှင့် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (မန္တလေး)မှ မခိုင်မာလာဦး ဒုတိယနှစ် (သဘင်အထူးပြု )တို့က ရရှိကြသည်။

၂ဝ၁၄ ခုနှစ်အတွက် စာကြည့်တိုက် စာအုပ်ဆုကို ဆွေကြည်အေး ရေးသားသည့် ''သူတို့လို အတွဲလေးများ'' ဝတ္ထုတိုပေါင်းချုပ် စာအုပ်နှင့် တက္ကသိုလ် မင်းသူ ရေးသားသည့် ''မေယုကိုစုတ်တံချီ'' ဝတ္ထုရှည် စာအုပ်တို့ကရရှိကြသည်။

ဆုနှင်းသဘင် အခမ်းအနားကို ၂ဝ၁၅ ခုနှစ် ဇူလိုင် ၅ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား စတူဒီယိုခန်းမ (S) ၌ ကျင်းပမည် ဖြစ်ရာ ဆုရရှိသူ များသည် စာတည်းမှူးချုပ်၊ စာပေဗိမာန်
အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ ဖုန်း-ဝ၁-၃၈၇၇၂၄ နှင့် စီမံရေးရာဌာန ဖုန်း-ဝ၁-၃၈၁၄၄၉ သို့ အမြန်ဆုံး ဆက်သွယ်ကြရန် နှိုးဆော် ထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger