www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 11, 2015

အိန္ဒိယစိန်ဈေးနှုန်း သက်သာသဖြင့် နှစ်စဉ်ဝယ်ယူမှု များလာ


အိန္ဒိယစိန်

ဘယ်လ်ဂျီယံစိန်

ရန်ကုန် ၊ ၁၁-၆-၂ဝ၁၅

ယခုအခါ အိန္ဒိယမှ ဝင်ရောက်လာသော စိန်များသည် ရန်ကုန်မြို့ရှိ ရတနာ ဝတ်ဆင် သူများအတွက် ဈေးနှုန်းများစွာ သက်သာခြင်း ကြောင့် ဝယ်လိုအား များလာရာ အရောင်းသွက် လျက်ရှိကြောင်း သိရသည်။

''အဓိကကတော့ ဘယ်လ်ဂျီယံ နိုင်ငံက သွေးပြီးသား စိန်တွေ ထွက်တာပဲ။ ဒါပေမဲ့ ဈေးနှုန်းကျတော့ အရမ်းကွာ သွားတယ်။ ဒီ အိန္ဒိယက ဝင်လာတဲ့ စိန်တွေကျတော့ ဈေးနှုန်းကလည်း သက်သာတော့ အထည်ဝယ်ခတ် တဲ့နေရာမှာ ဈေးကွာသွားတယ်။ စိန်တွေက ဈေးနှုန်း သက်သာတော့ ပုံစံအလှ များစွာ ခတ်ပြီးတော့လည်း ရောင်းချ နိုင်တာကြောင့် ခုချိန်မှာ ရန်ကုန်မြို့မှာ အရောင်းရဆုံး စိန်ကတော့ အိန္ဒိယက ဝင်လာတဲ့စိန် တွေနဲ့ ပြုလုပ်ထားတဲ့ ရတနာတွေပါပဲ'' ဟု စိန်နှင့်တခြား ကျောက်မျက် ရတနာများ ပြုလုပ် ရောင်းချနေသူ တစ်ဦးက ပြောသည်။

ဘယ်လ်ဂျီယံ နိုင်ငံမှ စိန်များသည် အရည်သွေး မြင့်မားပြီး သွေးယူသည့်နည်း စနစ်များလည်း မြင့်မားခြင်းကြောင့် ဈေးနှုန်းလည်း မြင့်မားသည်။ အိန္ဒိယနိုင်ငံသည် စိန်ရိုင်းတုံး များကို ဝယ်ယူကာ စိတ်ကြိုက်ပုံစံများ ဖန်တီးခြင်းနှင့် ဘယ်လ်ဂျီယံ နိုင်ငံမှ သွေးယူသော ပုံစံအတိုင်း သွေးယူခြင်းများ ပြုလုပ်ကာ နိုင်ငံ အသီးသီးသို့ တင်ပို့ရောင်းချ မှုများ ပြုလုပ်လျက် ရှိသည်။

ထို့အပြင် ဈေးနှုန်းများ အားဖြင့်လည်း  ဘယ်လ်ဂျီယံ နိုင်ငံမှ စိန်များထက် သက်သာခြင်းကြောင့် အိန္ဒိယစိန်များကို ဝယ်ယူမှု မြင့်မားရခြင်း ဖြစ်ကြောင်း သိရသည်။ ဘယ်လ်ဂျီယံစိန် များမှာ အရည်အသွေး ကောင်းမွန်ပြီး ပုံစံအမျိုးမျိုး သွေးထားခြင်းကြောင့် ဈေးနှုန်းများ မှာလည်း ပုံစံအမျိုးမျိုး အပေါ်လိုက်၍ ကြီးမားခြင်းကြောင့် ဝယ်ယူမှု နည်းပါးကြသည်။

အိန္ဒိယစိန်မှာ ဈေးနှုန်းသင့်တင့် သဖြင့် လူတန်းစားမရွေး ဝယ်ယူဝတ်ဆင် နိုင်ခြင်း၊ လှပသော ပုံစံဆန်းများ ကိုလည်း ဈေးနှုန်း သက်သာစွာ ဝယ်ယူဝတ်ဆင် နိုင်ခြင်းကြောင့် ရန်ကုန်၌ ဝယ်လိုအား မြင့်မားကာ အရောင်းရဆုံး စိန်အမျိုးအစား ဖြစ်နေကြောင်း သိရသည်။

သီရိ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger