www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 9, 2015

(၅၂)ကြိမ်မြောက် ကျောက်မျက်ပြပွဲတွင် ယူရိုငွေ တစ်မျိုးတည်းဖြင့် ရောင်းချပေးမည်



နေပြည်တော် ၊ ၉-၆-၂၀၁၅

နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ တွင် ကျင်းပမည့် (၅၂)ကြိမ်မြောက် ကျောက်မျက်ပြပွဲ တွင် ယူရိုငွေ တစ်မျိုးတည်း ဖြင့်သာ တင်ဒါစနစ်၊ လေလံစနစ် များဖြင့် ရောင်း ချပေး မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်း ရှင်များ အသင်းမှ သိရသည်။

အဆိုပါ ကျောက်မျက်ပြပွဲ ၌ ကျောက်စိမ်းနှင့် ကျောက်မျက် အတွဲပေါင်း ကိုးထောင် ပြသရောင်းချမည် ဖြစ်ပြီး ၄င်း ကျောက်မျက်ပြပွဲ ကို ဇွန်လ ၂၄ ရက်မှ ဇူလိုင် ၆ ရက်ထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း ကျောက်မျက် အချောထည် လုပ်ငန်းများ ကုန်ကြမ်း ရှားပါး နေချိန်တွင် ယခုကဲ့သို့ ပြပွဲ ပြုလုပ် ပေးသည့်အတွက် ကောင်းမွန် သော်လည်း ကျောက်မျက်အရောင်းအဝယ် အေးနေချိန် အာမခံ စပေါ်ငွေ ပေးသွင်းရမည့် စနစ် ပြောင်းလဲ လိုက်၍ ပြည်တွင်း ကုန်သည်များ အတွက် အခက်တွေ့ စေသည်ဟုလည်း ကုန်သည် အချို့က ပြောသည်။

လက်ရှိ အချိန်တွင် မန္တလေး ကျောက်မျက် ဈေးကွက်အတွင်း ကျောက်မျက် ရှားပါးပြီး အရောင်းအဝယ် အေးနေရာ ပြပွဲအပြီး ကုန်ကြမ်း ပေါများစွာ ရရှိလာလျှင် အရောင်းအဝယ် ဈေးကွက်နှင့် အချောထည် ထုတ်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် ပိုမို အဆင်ပြေ လာမည်ဟု မျှော်လင့်ကြောင်း သိရသည်။

သတ္တုတွင်း ဝန်ကြီးဌာန အနေဖြင့် ကျောက်စိမ်း၊ ကျောက်မျက် နှင့် ပုလဲများကို အရိုင်းထည် အတိုင်း ရောင်းချသည့် ကျောက်မျက် ပြပွဲများ နှစ်စဉ် ကျင်းပလျက် ရှိပြီး ပြပွဲများကို မြန်မာ ကျပ်ငွေဖြင့် ရောင်းချသည့်ပွဲ၊ နိုင်ငံခြား ငွေဖြင့် ရောင်းချသည့်ပွဲ ဟူ၍ ခွဲခြား ကျင်းပသည်။ ယခုအကြိမ် သည် ယူရိုငွေဖြင့် ရောင်းချသည့် (၅၂)ကြိမ်မြောက် ကျောက်မျက်ပြပွဲ ဖြစ်ကြောင်း သိရသည်။

အိအိအောင်

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger