www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 11, 2015

ယခုနှစ်တွင် ရန်ကုန်တက္ကသိုလ် မှ ကျောင်းသားပေါင်း ၁၀၀၀ ကျော်အထိ တိုးမြှင့်ခေါ်ယူမည်



ရန်ကုန် ၊ ၁၁-၆-၂၀၁၅

ရန်ကုန်တက္ကသိုလ် အနေဖြင့် ယခင်နှစ် များက ကျောင်းသား ၇ဝဝ ဝန်းကျင်သာ ခေါ်ယူခဲ့ရာမှ ယခုနှစ်တွင် ကျောင်းသား ပေါင်း ၁ဝဝဝ ကျော်အထိ တိုးမြှင့် ခေါ်ယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ရန်ကုန်တက္ကသိုလ် တွင် ဘာသာရပ် ၂၁ ခု သင်ကြား ပေးလျက်ရှိပြီး ဘာသာရပ် တစ်ခုလျှင် ကျောင်းသားဦးရေ ၅ဝ အထိ သင်ကြားပေးမည် ဖြစ်ကာ ယခုနှစ်တွင် လျှောက်ထားသည့် ကျောင်းသား အရေအတွက် တိုးလာ နိုင်ကြောင်း၊ ထိုကဲ့သို့ ကျောင်းသား အရေအတွက် တိုးလာပါက ကျောင်းသားများ အနေဖြင့် အဆင်ပြေ နိုင်သော်လည်း ကျောင်းသူများ အတွက် အဆောင် အခက်အခဲ ရှိလာနိုင်ကြောင်း သိရသည်။

ရန်ကုန် တက္ကသိုလ်ရှိ အဆောင်များကို အကြီးစား ပြုပြင်ရေး အပြင် ရန်ကုန် တက္ကသိုလ် အဆင့်မြှင့်တင် ရေးအတွက် ငွေကျပ် ၅ ဘီလီယံကျော် အသုံးပြု ခဲ့ကြောင်း နှင့် ကျောင်းသား များအား အဆောင်နေ ခွင့်ပြုထားပြီး ယခုနှစ်တွင် အထပ် ခုနစ်ထပ် ပါသော အဆောင်သစ် တစ်ခုကို ဆောက်လုပ်လျက် ရှိကြောင်း သိရသည်။(၄၄၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger