တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား YugoImport ကုမ္ပဏီ အစည်းအဝေးခန်းမတွင် Mr. Aleksandar Lijakovic က ကုမ္ပဏီ၏ ထုတ်လုပ်မှုဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်း တင်ပြစဉ် |
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များ Museum of Yugoslav History အတွင်း လှည့်လည် ကြည့်ရှုစဉ် |
နေပြည်တော် ၊ ၁၂-၅-၂၀၁၅
ဆားဗီးယား သမ္မတနိုင်ငံ တွင် ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် မေ ၁ဝ ရက် ဒေသ စံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် YugoImport ကုမ္ပဏီသို့ရောက်ရှိရာ Director of Commercial Affairs ဌာနမှ Mr. Aleksandar Lijakovic နှင့် တာဝန်ရှိသူ များက ခင်မင်ရင်းနှီးစွာ ခရီးဦးကြိုဆို နှုတ်ဆက်သည်။
ထို့နောက် YugoImport ကုမ္ပဏီ အစည်းအဝေး ခန်းမတွင် Mr. Aleksandar Lijakovic က ကုမ္ပဏီ၏ ထုတ်လုပ်မှု ဆိုင်ရာ ကိစ္စရပ်များအား Power Point ဖြင့် ရှင်းလင်း တင်ပြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က သိလိုသည့် အချက်များအား မေးမြန်း ဆွေးနွေးသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ် များဖြင့် ထွက်ခွာရာ Museum of Yugoslav History သို့ ဒေသ စံတော်ချိန် ညနေ ၃ နာရီ ၂၅ မိနစ်တွင် ရောက်ရှိပြီး တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက် ကြသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ပြတိုက်အတွင်း လှည့်လည် ကြည့်ရှု၍ တာဝန်ရှိ သူများက လိုက်လံရှင်းလင်း ပြသသည်။
Museum of Yugoslav History သည် ဆားဗီးယား နိုင်ငံရှိ အမျိုးသားရေး ဆိုင်ရာ သမိုင်းဝင်ပြတိုက် တစ်ခုဖြစ်ပြီး ၃ ဒသမ ၂ ဟက်တာ အကျယ်ရှိသည့် ပန်းခြံတစ်ခု အတွင်း တည်ရှိကာ သမ္မတ မာရှယ်တီးတိုး နှင့် ဇနီးတို့အား ဂုဏ်ပြု အထိမ်းအမှတ် အုတ်ဂူထားရှိသည့် နေရာလည်း ဖြစ်သည်။ ၂ဝ ရာစုကာလ အတွင်းရှိ ယူဂိုဆလားဗီးယား နိုင်ငံ၏ သမိုင်းကြောင်းကို ပုံဖော်ထားသော ပစ္စည်း အမျိုးပေါင်း နှစ်သိန်းကျော် စုဆောင်း ပြသထားသည်။ အဆိုပါ ပြတိုက်အား ၁၉၆ဝ ပြည့်နှစ်တွင် မာရှယ်တီးတိုး ၏ နှစ် ၇ဝ ပြည့် မွေးနေ့ကို ဂုဏ်ပြု လက်ဆောင်အဖြစ် ပေးအပ်ထားသည့် May-25 Museum နှင့် ၁၉၆၅ ခုနှစ်တွင် စတင် တည်ဆောက်သည့် Museum of the Revolution တို့ကို ပေါင်းစပ်ဖွဲ့စည်း ထားသည့် ပြတိုက်တစ်ခု ဖြစ်ကြောင်း သိရှိရသည်။
#Themyawadydaily
No comments:
Post a Comment