www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 7, 2015

သဘာဝဘေးအန္တရာယ် ထိခိုက်ပျက်စီးမှု နှင့် ဆုံးရှုးမှုဆိုင်ရာ အချက်အလက် သိုလှော်မှု စနစ်အတွက် UNDP က ပံ့ပိုးကူညီမည်


ရန်ကုန် ၊ ၇-၅-၂၀၁၅

ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) က မြန်မာနိုင်ငံ၏ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာ စီမံကိန်း ရေးဆွဲခြင်း စွမ်းရည်များ တိုးတက် ကောင်းမွန်ရန် နိုင်ငံတစ်ဝန်း ဘေးအန္တရာယ် ထိခိုက် ပျက်စီးမှုနှင့် ဆုံးရှုံးမှု ဆိုင်ရာ အချက်အလက် သိုလှောင်မှု စနစ်တစ်ခု ထူထောင်ရာတွင် ပံ့ပိုးကူညီ သွားမည် ဖြစ်ကြောင်း UNDP မှ သိရသည်။

UNDP အနေဖြင့် အမျိုးသား သဘာဝ ပတ်ဝန်းကျင် မူဝါဒဆိုင်ရာ မူဘောင်သစ် ဖော်ထုတ်ရေး အတွက် နိုင်ငံတော် အပိုင်းမှ ဆက်စပ်ပါဝင် လုပ်ကိုင်သူ များနှင့် ညှိနှိုင်း ဆောင်ရွက်ရာတွင် အကူအညီများ ပေးထားပြီး အပြည်ပြည် ဆိုင်ရာနှင့် ဒေသဆိုင်ရာ ဘေးအန္တရာယ် လျှော့ချရေး မူဘောင်နှင့် ကွန်ရက်များတွင် ပါဝင်ပြီး သဘာဝ ဘေးအန္တရာယ် ထိခိုက်မှု လျှော့ချရေး လုပ်ငန်းများ စွမ်းရည်များ ပိုမိုတိုးတက် လာခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ဘေးအန္တရာယ် လျှော့ချရေး၊ ရာသီဥတု ပြောင်းလဲမှုနှင့် လိုက်လျော ညီထွေမှု ရှိစေရေး လုပ်ငန်းများတွင် လေ့လာ ဆန်းစစ်မှုများ ပြုလုပ်ထားပြီး ယင်း လေ့လာ ဆန်းစစ်မှုများ အပေါ် အခြေခံ၍ ဘေးအန္တရာယ် လျှော့ချရေး လုပ်ငန်းများတွင် ရပ်ရွာလူထု ပါဝင်နိုင်ရန် ဆောင်ရွက် ထားကြောင်း သိရသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေး လုပ်ငန်း တစ်ခုဖြစ်ပြီး စက်မှု တည်ထောင်ရေး မှတစ်ဆင့် နိုင်ငံတကာ ဈေးကွက် ပေါင်းစည်းရေး ကို ဦးတည် ပြောင်းလဲ နေသည့်အလျောက် သဘာဝ ဘေးအန္တရာယ် များဖြစ်ပွား စေနိုင်သည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု နှင့် သယံဇာတ တူးဖော်မှု လုပ်ငန်းများ စီမံ အုပ်ချုပ်မှုတွင် ပိုမို အရေးကြီး လာကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်က UNDP အနေဖြင့် မြန်မာနိုင်ငံ၏ သဘာဝ ပတ်ဝန်းကျင် စီမံအုပ်ချုပ်မှု နှင့် ဘေးအန္တရာယ် ကြံ့ကြံ့ခံ နိုင်စွမ်း အစီအစဉ်တွင် ကုလသမဂ္ဂ အဖွဲ့ဝင် အေဂျင်စီ ၆၂ ခု၊ နိုင်ငံတကာ နှင့် ပြည်တွင်း NGO များဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကာ ငွေကြေး အကူအညီကို အပြည်ပြည် ဆိုင်ရာ ပတ်ဝန်းကျင် ရန်ပုံငွေ (GEF) အပါအဝင် နော်ဝေနိုင်ငံ အစိုးရ၏ ကူညီမှုဖြင့် ဆောင်ရွက် ပေးခဲ့ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP)မှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။

အေဒီမိုး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger