www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 7, 2015

ရွှေတိဂုံစေတီတော် ၌ စောင့်ကြည့်ကင်မရာများ ထပ်မံ တပ်ဆင်မည်



ရန်ကုန် ၊ ၇-၅-၂၀၁၅

ရွှေတိဂုံ စေတီတော်၌ လုံခြုံရေး အထောက်အကူ ဖြစ်စေရန် စောင့်ကြည့် ကင်မရာ အများအပြား တပ်ဆင် ထားပြီး ဖြစ်သော်လည်း လုံခြုံရေး အရ ပိုမိုပြည့်စုံမှု ရရှိရန် စောင့်ကြည့် ကင်မရာများ ထပ်မံ တပ်ဆင်နိုင်ရေး အတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ စောင့်ကြည့် ကင်မရာများကို စေတီတော်၏ အထက်ပစ္စယာ၊ အလယ်ပစ္စယာ၊ သွားလာမှု များပြားသည့် နေရာများနှင့် ဝင်ပေါက်၊ ထွက်ပေါက်များ၌ တပ်ဆင်ထားပြီး ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ တပ်ဆင် ထားခြင်းကြောင့် ရင်ပြင်ပေါ်၌ ဖြစ်ပေါ် လာမည့် ခိုးမှု၊ ခါးပိုက်နှိုက်မှု နှင့် အလှူခံပုံး ဖောက်ယူမှုများ မှအစ ဖောက်ခွဲရေး ပစ္စည်းများ အဆုံး ကြိုတင် ကာကွယ် ဟန့်တား နိုင်မည်ဖြစ်ပြီးယင်း ပြဿနာများ ဖြစ်ပေါ်ခဲ့ပါက အမှုမှန် ပေါ်ပေါက်စေရန် ဖော်ထုတ်ရာ၌ စောင့်ကြည့် ကင်မရာ များမှ အထောက်အကူ ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ စောင့်ကြည့် ကင်မရာများ တပ်တင်ရာတွင် ကြည်လင် ပြတ်သားသော ပုံရိပ်များ ဖမ်းနိုင်ရန် သာမန် ဝါယာကြိုးကို အသုံးမပြုဘဲ အရည်အသွေးပိုင်း ကောင်းမွန်ပြီး စိတ်ချရသည့် ဖိုက်ဘာလိုင်း များဖြင့် ချိတ်ဆက် ဆောင်ရွက် ထားကြောင်း သိရသည်။

အဆိုပါ စောင့်ကြည့် ကင်မရာ များကို FISCA ကုမ္ပဏီမှ တာဝန်ယူ၍ တပ်ဆင်ခြင်း ဖြစ်ကြောင်း သိရသည်။

ဝန်းရံခ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger