www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 11, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ Lok Virsa National Heritage Museum သို့ ကြည့်ရှုလေ့လာ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များ အစ္စလာမာဘတ်မြို့ ရှိ Lok Virsa National Heritage Museum အတွင်း ကြည့်ရှု လေ့လာစဉ်


နေပြည်တော် ၊ ၁၁-၅-၂၀၁၅

ပါကစ္စတန် အစ္စလာမ်မစ် သမ္မတ နိုင်ငံတွင် ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် မေ ၉ ရက် ဒေသ စံတော်ချိန် ညနေ ၄ နာရီ မိနစ် ၃ဝ တွင် အစ္စလာမာဘတ် မြို့ရှိ Lok Virsa National Heritage Museum သို့ရောက်ရှိ ကြရာ တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက် ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ပြတိုက်အတွင်း လှည့်လည် ကြည့်ရှုကြရာ တာဝန်ရှိသူ များက လိုက်လံရှင်းလင်း ပြသကြသည်။

အဆိုပါ Lok Virsa National Heritage Museum အား Folk Heritage Museum ဟုလည်း လူသိများပြီး ရှေးဟောင်း ပစ္စည်းများ၊ ယဉ်ကျေးမှု ဆိုင်ရာများ၊ ရိုးရာဓလေ့ ထုံးစံများ အပါအဝင် ရိုးရာ ဒဏ္ဍာရီ များအား လေ့လာနိုင် ရန်နှင့် သုတေသန ပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၄၇ ခုနှစ်တွင် စတင် တည်ထောင် ဖွင့်လှစ်ခဲ့သည်။ ပါကစ္စတန် နိုင်ငံ၏ အကြီးဆုံးသော ယဉ်ကျေးမှု ဆိုင်ရာ ပြတိုက်တစ်ခု ဖြစ်ပြီး ပါကစ္စတန်နိုင်ငံ အတွင်းရှိ အမျိုးမျိုးသော ကွဲပြား ခြားနားသည့် လူနေမှုပုံစံ ပြခန်း၊ မြေအိုး မြေခွက် ပြခန်း၊ ဂီတနှင့် အထည်အလိပ် ပြခန်း၊ ချည်ထည် ပန်းထိုးပြခန်း၊ လက်ဝတ် ရတနာ ပြခန်း၊ ရုပ်ပွားတော်နှင့် ရုပ်ပုံကားချပ် ပြခန်း၊ နိုင်ငံ ဆေးရေးပန်းချီ ပြခန်း၊ အင်္ဂတေ အတတ်ပညာ ပြခန်း၊ သတ္တုထည် ပြခန်း၊ ဖောင်းကြွ ပုံနှိပ်ပြခန်း စသည်ဖြင့် ကဏ္ဍမျိုးစုံစွာ ခင်းကျင်းပြသ ထားကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger