ပွိုင့်- ၁၆၀၇ တောင်ကုန်းအား သိမ်းပိုက်ပြီး သိမ်းဆည်းရမိသည့် လက်နက် ၊ ခဲယမ်းများကို တွေ့ရစဉ် |
ပွိုင့်- ၁၆၀၇ တောင်ကုန်းအား သိမ်းပိုက်ပြီး သိမ်းဆည်းရမိသည့် လက်နက် ၊ ခဲယမ်းများကို တွေ့ရစဉ် |
ပွိုင့်- ၁၇၀၉ တောင်ကုန်းအား သိမ်းပိုက်ပြီး သိမ်းဆည်းရမိသည့် လက်နက် ၊ ခဲယမ်းများကို တွေ့ရစဉ် |
ပွိုင့်- ၁၇၀၉ တောင်ကုန်းအား သိမ်းပိုက်ပြီး သိမ်းဆည်းရမိသည့် လက်နက် ၊ ခဲယမ်းများကို တွေ့ရစဉ် |
လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်ပွားသည့် နေရာပြပုံ |
လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်ပွားသည့် နေရာပြပုံ |
နေပြည်တော် ၊ ၁၃-၅-၂၀၁၅
ကိုးကန့် သောင်းကျန်းသူများ အခြေပြုခဲ့သည့် ရှင်ခုတ်ထန် ဒေသနှင့် စန်တအိုက်ရှန် ကုန်းမြင့်ဒေသ တို့အား တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက် ချေမှုန်း နိုင်ခဲ့သဖြင့် သောင်းကျန်းသူ များသည် အင်အားများ ပြိုကွဲကာ ဆုတ်ခွာ ထွက်ပြေးခဲ့ပြီး နယ်မြေ ကျဉ်းမြောင်း လာသဖြင့် ၄င်းဒေသမှ အင်အားများကို စုစည်းကာ နှစ်နိုင်ငံ နယ်နိမိတ် မှတ်တိုင်အမှတ် (၁၁၁) မှဝင်ရောက်ပြီး မာလုရွှေ ကျေးရွာ၏ အရှေ့ဘက်ရှိ တောင်ကုန်း များတွင် အခိုင်အမာ အခြေပြု ခံစစ်ဆင်ရန် စီစဉ် လာခဲ့သည်။
ကိုးကန့် သောင်းကျန်းသူများ အခိုင်အမာ အခြေပြု ခံစစ်ဆင် ထားသော တောင်ကုန်းများကို တိုက်ခိုက် သိမ်းပိုက်နိုင်ရန် အတွက် တပ်မတော် စစ်ကြောင်းများက ဧပြီ လကုန်တွင် အင်အားများ စုဖွဲ့ခဲ့ပြီး မေလ ပထမပတ်မှ စတင်၍ တိုက်ခိုက်ချေမှုန်း ခဲ့ရာ ကိုးကန့် သောင်းကျန်းသူ များက မြေအနေအထား အသာစီး ရယူကာ လက်နက်ကြီး များ၊ စက်သေနတ် ကြီးများ၊ စနိုက်ပါများ၊ လက်ပစ်ဗုံး များဖြင့် ပုံသေပစ်ကြောင်း ဆင်၍ ခုခံ တိုက်ခိုက်ခဲ့သည်။
ကိုးကန့် သောင်းကျန်းသူများ ၏ ခုခံတိုက်ခိုက်မှု များကို တပ်မတော် စစ်ကြောင်းများက ပစ်ကျင်းများ တူး၍ အဆင့်ဆင့် ချဉ်းကပ်ထားပြီး လေကြောင်း ပစ်ကူ၊ လက်နက်ကြီး ပစ်ကူများ ရယူကာ ရဲဝံ့စွန့်စားစွာ ဖြင့် လှံစွပ်ထိုး တိုက်ခိုက်၍ အနီးကပ် လုံးထွေး ထိုးဖောက် ချေမှုန်းခဲ့သည်။
ထိုသို့ ရဲဝံ့ စွန့်စားစွာ တိုက်ခိုက် ချေမှုန်းခဲ့ခြင်း ကြောင့် မာလုရွှေ ကျေးရွာ အရှေ့ဘက်ရှိ ကိုးကန့် သောင်းကျန်းသူများ အခိုင်အမာ ခြေကုပ် ယူထားသော ပွိုင့်-၁၆ဝ၇ တောင်ကုန်းအား မေ ၁၁ ရက် မွန်းလွဲ ၁ နာရီခွဲတွင် လည်းကောင်း၊ ပွိုင့်-၁၇ဝ၉ တောင်ကုန်းအား ည ၇ နာရီတွင် လည်းကောင်း သိမ်းပိုက်ရရှိခဲ့သည်။ ဆက်လက်၍ သောင်းကျန်းသူ များ အခိုင်အမာ အခြေပြု ထားသော ပွိုင့်-၁၇၄၂ တောင်ကုန်းသို့ အောင်မြေ ချဲ့ထွင် တိုက်ခိုက်ခဲ့ရာ ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် အောင်မြင်စွာ သိမ်းပိုက် ရရှိခဲ့သည်။
ထို့ပြင် ဆုတ်ခွာ ထွက်ပြေးသွားသော ကိုးကန့် သောင်းကျန်းသူ များကို တပ်မတော် စစ်ကြောင်းများက ထပ်ကြပ်မကွာ လိုက်လံချေမှုန်း တိုက်ခိုက်လျက် ရှိသည်။
ဖြစ်စဉ်တွင် ကိုးကန့် သောင်းကျန်းသူ များထံမှ အလောင်း ခုနစ်လောင်း၊ အာရ်ပီဂျီ သုံးလက်၊ စက်လတ် နှစ်လက်၊ အမ်(၂၂) သေနတ် ခြောက်လက်၊ ကေ(၁၂) သေနတ် တစ်လက် စုစုပေါင်း လက်နက်မျိုးစုံ ၁၂လက် ကျည်အိမ် မျိုးစုံ ၃၅ခု၊ ကျည်မျိုးစုံ ၅၁၅၅ တောင့်၊ ဗုံးသီးမျိုးစုံ ၃ဝလုံး၊ မိုင်းမျိုးစုံ ၁၅ လုံး၊ လက်ပစ်ဗုံး ၆၇လုံး၊ စက်လတ် ကျည်ခါးပတ်တွဲ သုံးတွဲ၊ အာရ်ပီဂျီ ပို့ကျည် ကိုးတောင့်၊ ယမ်းထုပ် ငါးထုပ်နှင့် ဆက်စပ် ပစ္စည်းများ၊ အသုံးဆောင်ပစ္စည်းများ၊ ဘန်ကာများ၊ ပစ်ကျင်းများ၊ သောင်းကျန်းသူ အင်အား ၁ဝဝ ခန့် ခိုအောင်း နေထိုင် နိုင်သော မြေအောက် လိုဏ်ခေါင်းများ သိမ်းဆည်း ရမိခဲ့သည်။ တပ်မတော်မှ စစ်သည် အချို့ နိုင်ငံတော် အတွက် အသက် ပေးလှူခဲ့ပြီး အရာရှိ၊ စစ်သည် အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ကြောင့် ဒဏ်ရာရရှိ သူများကို တပ်မတော် ဆေးရုံများသို့ အမြန်ဆုံး ပို့ဆောင်၍ ဆေးဝါးများ ကုသပေးလျက် ရှိသည်။
လောက်ကိုင် ဒေသအတွင်း တည်ငြိမ် အေးချမ်းရေး နှင့် တရားဥပဒေ စိုးမိုးရေး အတွက် တပ်မတော် စစ်ကြောင်းများက အသက်ကို ပဓာန မထားဘဲ စွန့်လွှတ်စွန့်စား စိတ်ဓာတ်ဖြင့် ဆုတ်ခွာ သွားသော ကိုးကန့် သောင်းကျန်းသူ များကို ရဲရဲတက် တိုက်ခိုက် ချေမှုန်း သွားမည် ဖြစ်ကြောင်း သိရှိရသည်။
#Themyawadydaily
No comments:
Post a Comment