www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 25, 2015

မိုးရာသီရာလအတွင်း ရန်ကုန်မြို့ လမ်းဘေးစားသောက်ဆိုင်များ လူထုကျန်းမာရေး အတွက် ပိုမိုစစ်ဆေးရန် လိုအပ်



ရန်ကုန် ၊ ၂၅-၅-၂၀၁၅

ယခုနှစ် မိုးရာသီ ကာလအတွင်း ရန်ကုန်မြို့၌ ရောင်းချလျက် ရှိသော လမ်းဘေး စားသောက်ဆိုင် များကို လူထု ကျန်းမာရေး အန္တရာယ် မဖြစ်ပွားအောင် ပိုမို စစ်ဆေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ မိုးရာသီ ကာလအတွင်း ရန်ကုန်မြို့ အတွင်း အချက်အချာ ကျသော လမ်းမများ၏ လမ်းဘေး ပလက်ဖောင်းတွင် ရောင်းချနေသော လမ်းဘေး စားသောက်ဆိုင် များစွာရှိပြီး မိုးရာသီ ကာလသည် ရေဝပ်ခြင်း၊ စွတ်စို ထိုင်းမှိုင်းခြင်း ကြောင့် မသန့်ရှင်းမှုများ ရှိလာကာ ရောင်းချသော အစားအသောက် များတွင် ဝမ်းရောဂါနှင့် တခြားသော အစားအသောက်နှင့် ဆိုင်သည့် ကျန်းမာရေး ဆိုင်ရာ ပြဿနာများ မဖြစ်ပွား စေရန် ကြိုတင် စစ်ဆေးခြင်းများ ပိုမို လုပ်ဆောင်ရန် လိုအပ်လာသည်။ လမ်းဘေး စားသောက်ဆိုင် များအနေဖြင့် အများ ပြည်သူများအား သန့်ရှင်းသော အစားအသောက် များကို ရောင်းချပေးခြင်း၊ ရောင်းချ သူများ၏ တစ်ကိုယ်ရေ သန့်ရှင်းမှု အပိုင်းများကို အလေးထားရန် လည်း လိုအပ်ကြောင်း သိရသည်။


မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း အနေဖြင့်လည်း လစဉ် အသင်းသား စုံညီပွဲများတွင် အစားအသောက် သန့်ရှင်း သပ်ရပ်မှု၊ ဆိုင်ဝန်ထမ်း များ၏ တစ်ကိုယ်ရေ သန့်ရှင်းမှု ဆောင်ရွက်ချက် များကို နည်းပညာ  နှီးနှောဖလှယ် မှုများ ပြုလုပ်ပေးလျက် ရှိသည်။ လမ်းဘေး စားသောက်ဆိုင် များကို ကျန်းမာရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေး နေသော်လည်း သက်ဆိုင်ရာ ဌာနများမှ ပိုမို ပူးပေါင်း၍ ပံ့ပိုးကူညီ ပေးပါက ယင်း လုပ်ငန်းစဉ်များ ပိုမို ထိရောက်စွာ လုပ်ကိုင် လာနိုင်မည် ဖြစ်သည်။

ရန်ကုန်မြို့ အတွင်းရှိ လမ်းဘေး စားသောက်ဆိုင် များအား ဝင်ရောက် စစ်ဆေးရာတွင် သုံးပုံနှစ်ပုံ ခန့်သည် အစားအသောက် များ စနစ်တကျ ရောင်းချခြင်းနှင့် တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်း သည်ကို တွေ့မြင် ရကြောင်း သိရသည်။

မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းသည် ၂ဝ၁၄ ခုနှစ်မှ စတင်ကာ လမ်းဘေး စားသောက်ဆိုင် ပိုင်ရှင်များနှင့် အကြိမ်ကြိမ် တွေ့ဆုံခဲ့ပြီး ဝန်ထမ်းများ တစ်ကိုယ်ရေ သန့်ရှင်းမှုနှင့် အစားအသောက် များ ပြင်ဆင်သည့် အပိုင်း၊ ထုပ်ပိုးသည့် အပိုင်း၊ ကူးစက်ရောဂါ များနှင့် ပတ်သက်၍ အသိပညာပေး စည်းရုံးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger