www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 19, 2015

တင်းမာမှုများ ထပ်မံမြင့်တက်လာနိုင်သော တောင်တရုတ်ပင်လယ်ပြင် အရေးကိစ္စ



ရှိန်းထက် (IN'D)

5 Things About the South China Sea Dispute
  • The South China Sea is one of the world’s busiest shipping routes and a strategic passage between the rich economies of Northeast Asia and the Indian Ocean. As much as 50% of global oil-tanker shipments pass through its waters, which also hold rich fishing stocks. Large oil and gas reserves are believed to lie beneath its seabed, although exploration has long been hindered by territorial disputes. Six governments–China, Vietnam, Brunei, Malaysia, Taiwan and the Philippines—claim the waters, islands, reefs and atolls in whole or in part, making the area a potential flashpoint.

တောင်တရုတ် ပင်လယ်ပြင်၌ တရုတ်တို့၏ နယ်မြေ ပိုင်ဆိုင်မှုများ တိုးချဲ့ပြီး စစ်စခန်းများ တည်ဆောက် လာမှုကြောင့် အမေရိကန် အစိုးရမှ နိုင်ငံတကာ ရေပိုင်နက် လုံခြုံရေးကို အကြောင်းပြကာ ယင်း ပင်လယ်ပြင်အား ကင်းလှည့်နိုင်ရန် စီစဉ် ဆောက်ရွက် နေသည်ဟု မေ ၁၄ ရက်က ထုတ်ဖော် ပြောဆို လိုက်သည်။

ထို ကင်းလှည့်မည့် အစီအစဉ် အတွင်း အမေရိကန်သည် ရေတပ် စစ်သင်္ဘောများ နှင့် ကင်းလှည့် လေယာဉ်များကို အသုံးပြု သွားမည် ဖြစ်သည်။

တောင်တရုတ် ပင်လယ်ထဲ၌ ရှိသည့် နိုင်ငံတကာ ရေပိုင်နက် လမ်းကြောင်းသည် ကမ္ဘာ့ရေကြောင်း ကုန်သွယ်ရေး စီးဆင်းမှု၏ အသက်သွေးကြော ဖြစ်ပြီး တရုတ်နိုင်ငံ က အဆိုပါ ရေလမ်းကြောင်း အနီးတွင် ကျွန်းတုများ ဆောက်လုပ်ကာ စစ်အခြေစိုက် စခန်းများ ဆောက်နေခြင်း ဖြစ်သည်။ ယခုအခါ ကျွန်းတု အရေအတွက်မှာ ငါးခုခန့် ရှိနေသည်။ ကျွန်းတု ဆောက်နေသည့် နေရာများမှာ အာဆီယံနိုင်ငံ များနှင့် အငြင်းပွား နေသော စပရတ်တလီ ကျွန်းစုနား၌ ဖြစ်သည်။ သို့သော် တရုတ်သည် မည်သည့် နိုင်ငံ၏ ကန့်ကွက်မှု ကိုမှ ဂရုမစိုက်ဘဲ ဆက်လုပ်နေသည်။ ယင်းမှာ နိုင်ငံရေး အာဏာကို အသုံးချပြီး ဖိနှိပ်နေခြင်း ဖြစ်သည် ဟူ၍ ခေါင်းစဉ်များ တပ်ကာ အမေရိကန်က အာရှနိုင်ငံ များ၏ ယုံကြည်မှုကို ရယူပြီး ကင်းလှည့်ရန် စီစဉ်နေခြင်း ဖြစ်သည်။

ယခု ကင်းလှည့်ခြင်း မတိုင်မီ အမေရိကန် သည် ပါရှန်ပင်လယ်ကွေ့ ၌လည်း အီရန်တို့ စစ်သင်္ဘောများ ဖမ်းဆီးခြင်းကို အကြောင်းပြပြီး ဟော်မုဇ် ရေလက်ကြားသို့ ကမ်းခြေစောင့် သင်္ဘောများ၊ ရေတပ် စစ်သင်္ဘောများ၊ ကင်းလှည့် လေယာဉ်များ နှင့် USS Farragut ဖျက်သင်္ဘော တို့ကို ကင်းလှည့်ရန် စေလွှတ်ခဲ့သည်။

မကြာမီမှာပဲ အီရန်တို့သည် ကုန်သွယ်ရေး သင်္ဘောငါးစင်း ကို ဆက်လက် ပစ်ခတ်ခဲ့ ပြန်သည်။ ထို့ကြောင့် အီရန်ကို အကြောင်းပြပြီး ဟော်မုဇ်ကို ကင်းလှည့်ခြင်းဖြင့် အမေရိကန်တို့ အတွက် နာမည်ကောင်း ရယူနိုင်ခဲ့သည်။

ယခု တရုတ်သည် နိုင်ငံတကာ ရေပိုင်နက်တွင် သူ၏ စစ်သင်္ဘောများကို ကင်းလှည့်ခြင်း ခေါင်းစဉ်တပ်ကာ ဝင်ရောက်ခဲ့ပြီး ဂျပန်အပါအဝင် တခြား အငြင်းပွား နိုင်ငံများ၏ ရေပိုင်နက် များသို့လည်း ကျူးကျော်ဝင်ရောက် ခဲ့သည်။ တရုတ်၏ ကင်းလှည့်မှုများ က နာမည်ကောင်း မယူနိုင်ခဲ့ချေ။ ထို့ကြောင့် ဂျပန်ကလည်း တရုတ်ကို တန်ပြန်သည့် အနေဖြင့် အမေရိကန်နှင့် အတူ ပူးပေါင်း ကင်းလှည့်မှုကို လိုလားနေပြီး တခြား အာဆီယံ အငြင်းပွား နိုင်ငံများ ကလည်း အမေရိကန်၏ ကင်းလှည့်မှုကို လိုလားနေသည်။
A photo provided by the Philippines last month shows construction by China at a reef in the disputed Spratley Islands in the South China Sea in February.
သို့မှသာ တရုတ်တို့၏ ကျူးကျော် ခြေလှမ်းများ နှေးကွေး သွားနိုင်သည်ဟု ယူဆသောကြောင့် ဖြစ်သည်။ ထို့ကြောင့် နာမည်ကောင်း တံဆိပ် ရထားသော အမေရိကန်သည် တောင်တရုတ် ပင်လယ်သို့ ရောက်လာ နိုင်သည်။ တရုတ်ကတော့ တောင်တရုတ် ပင်လယ်ပြင်တွင် ၄င်းတို့ ဆောက်နေသော ကျွန်းတုများကို နိုင်ငံတကာ ရေကြောင်း လုံခြုံရေး၊ သဘာဝ ဘေးအန္တရာယ် ကူညီ ကယ်ဆယ်ရေးနှင့် မိုးလေဝသ ကြိုတင် ခန့်မှန်းချက်များ အတွက် အသုံးပြုရန် အမေရိကန်အား အဆိုပြု ခဲ့သော်လည်း အမေရိကန် အစိုးရကတော့ ပြတ်ပြတ်သားသား ပယ်ချ ထားခဲ့သည်။

အရှေ့အာရှ၌ တရုတ်သြဇာ လွှမ်းမိုးမှု ရှိလာခဲ့သည့် အချိန်မှစ၍ တရုတ်သည် နိုင်ငံတကာနှင့် ပိုင်နက် အငြင်းပွားမှုများ စတင်ဖြစ်ပေါ် လာခဲ့သည်။ ၂ဝ၁၄ ခုနှစ် ကလည်း ဂျပန်နှင့် ဒိုင်အိုယုကျွန်း အငြင်းပွား မှုကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှု အမြင့်ဆုံး အနေအထားသို့ ရောက်ရှိသွား ခဲ့သည်။ ထို့ကြောင့် ကိုယ်ပိုင် ကာကွယ်ရေး တပ်မတော်သာ ရှိသော ဂျပန်သည် နိုင်ငံ၏ ပိုင်နက် ကျူးကျော်မှု များကို ရင်ဆိုင် တွန်းလှန်နိုင်ရန် ကာကွယ်ရေး အသုံးစရိတ်ကို မြှင့်တင်ခဲ့ပြီး လေယာဉ်တင် သင်္ဘော ကိုလည်း ရေချ ခဲ့သည်။

ထို့အပြင် အမျိုးသားရေး ပြင်းထန်သော အာဘေး အစိုးရသည် ဂျပန်နိုင်ငံ လုံခြုံရေး ဥပဒေမူကြမ်းကို မေ ၁၅ ရက်က အတည်ပြု ပေးခဲ့သည်။ ယင်း ဥပဒေကြောင့် ဂျပန်သည် အမိမြေကို ကာကွယ်နိုင်ရုံ သာမက မဟာမိတ်နိုင်ငံ တစ်နိုင်ငံနှင့် စစ်ဖြစ်လာမည် ဆိုပါကလည်း စစ်ရေး အကူအညီ ဝင်ရောက် ပေးနိုင်မည် ဖြစ်သည်။ အမေရိကန် ကလည်း တရုတ်၏ သြဇာအာဏာကို တစ်စိတ် တစ်ပိုင်း ဖိအားပေး နိုင်သည့် နိုင်ငံမှာ ဂျပန်သာ ရှိသောကြောင့် ဂျပန်တို့၏ စစ်ရေးဆိုင်ရာ မူဝါဒများကို ဖြေလျှော့ ပေးနေခြင်း ဖြစ်သည်။

အာဆီယံနိုင်ငံ စစ်တပ်များ ထဲ၌ တရုတ် နှင့် ပြိုင်ဆိုင်ရာတွင် အတက်ကြွဆုံး နှင့် အင်အား အတောင့်တင်း ဆုံးမှာ ဗီယက်နမ် ဟု ဆိုနိုင်သည်။ ဗီယက်နမ်သည် တရုတ်၏ ပိုင်နက် ကျူးကျော်မှုများ စတင် ကတည်းက ၄င်းတို့ ပိုင်ဆိုင်သည်ဟု ယူဆထားသော ကျွန်းနှစ်ကျွန်းကို စစ်တပ်များ ချကာ အခိုင်အမာ နေရာယူပြီး တရုတ်၏ ကျူးကျော်မှု များကို တန်ပြန် ဖိအားပေး ခဲ့သည်။ ဧပြီလတုန်း ကလည်း ဗီယက်နမ် စစ်တပ်အတွက် အကောင်းဆုံး ဖြစ်လာမည့် နှစ်သွယ်သုံး 3M14 EKlub သင်္ဘောဖျက် စွမ်းအားမြင့် ဒုံးပျံများကို ရုရှားမှ ဝယ်ယူခဲ့သည်။ ထိုဒုံးပျံများကို ဗီယက်နမ်သည် တပ်တော်ဝင် ရေငုပ်သင်္ဘော များတွင် တပ်ဆင် အသုံးပြုရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

ဗီယက်နမ်၏ မြေပြင်ပစ် ဒုံးပျံများသည် ၄၅ဝ ကီလိုဂရမ် ရှိသည့် ဒုံးကျည်ထိပ်ဖူး များကို သယ်ဆောင်နိုင်ပြီး တရုတ်နိုင်ငံ ပိုင်နက်တွင်းသို့ တိကျစွာ ပစ်ခတ်နိုင်စွမ်း လည်းရှိကာ ကီလိုမီတာ ၃ဝဝ အထိလည်း ပစ်ခတ် နိုင်သည်။

ဗီယက်နမ် ၏ ရုရှားနိုင်ငံထုတ် SSK Kilo Class ( Type 636 ) ရေငုပ်သင်္ဘော
 
ထို့အပြင် ဗီယက်နမ်၏ ရေငုပ်သင်္ဘော အမျိုးအစား SSK Kilo Class ( Type 636 ) ဒီဇယ် စွမ်းအင်သုံး ရေငုပ်သင်္ဘော များသည် ကမ္ဘာ့ အမြန်ဆုံး ရေငုပ်သင်္ဘော အတန်းအစားများ ထဲတွင် ပါဝင်ပြီး ယခု ဗီယက်နမ် တပ်မတော် တွင် နှစ်စင်းတာဝန် ထမ်းဆောင် နေသည်။

ယခုနှစ် ဖေဖော်ဝါရီလ က ရုရှားမှတစ်စင်း ထပ်မံရောက်ရှိ လာခဲ့ပြီး ၂ဝ၁၆ ခုနှစ်တွင် နောက်ဆုံး သုံးစင်းကို ထပ်မံလက်ခံ ရရှိမည် ဖြစ်သည်။ ထို့ကြောင့် ၂ဝ၁၆ ခုနှစ်တွင် ဗီယက်နမ် ရေတပ်သည် ပြည့်စုံသော ရေငုပ် သင်္ဘောအုပ်စုကို ပိုင်ဆိုင် မည် ဖြစ်သည်။ ထိုအခါ အရှေ့တောင် အာရှတွင် ခေတ်အမီ ဆုံး ရေငုပ်သင်္ဘော အုပ်စုကို ပိုင်ဆိုင်သည့် နိုင်ငံဖြစ် လာမည် ဖြစ်သကဲ့သို့ တရုတ်ကိုလည်း အကောင်းဆုံး ဖိအားပေး နိုင်သည့် နိုင်ငံ ဖြစ်လာမည် ဖြစ်သည်။
The littoral combat ship USS Fort Worth (LCS 3) conducts routine patrols in international waters of the South China Sea near the Spratly Islands in May 2015.

အမေရိကန်သည် ကင်းလှည့်မှု၏ ကနဦး လုပ်ငန်းဟု ဆိုရမည့် တောင်တရုတ် ပင်လယ်ပြင် နိုင်ငံတကာ ရေပိုင်နက် ကင်းလှည့်မှုကို တစ်ပတ်ခန့် ကြာသည်အထိ မကြာမီက ပြုလုပ်ခဲ့သည်။ ထိုသင်္ဘောသည် အမေရိကန် ၏ အသစ်စက်စက် မျိုးဆက် USS Fort Worth ကမ်းခြေစောင့် သင်္ဘောဖြစ်သည်။ ယင်း သင်္ဘော ကင်းလှည့် နေစဉ်တွင် တရုတ် စစ်တပ်၏ ယမ်ချမ်းဖရီးဂိတ် စစ်သင်္ဘော သည် ထက်ကြပ်မကွာ လိုက်ပါ စောင့်ကြည့် ခဲ့သည်ဟု ရေတပ်ဗိုလ်ချုပ်ကြီး ဖရက်ကာချာ က ပြောခဲ့သည်။ အဘယ်ကြောင့် ဆိုသော် အမေရိကန်၏ USS Fort Worth သည် အငြင်းပွားဖွယ် ဖြစ်နိုင်သော စပရတ်တလီ ကျွန်းစုများအနီး နိုင်ငံတကာ ရေပိုင်နက်သို့ သွားရောက် ခဲ့ခြင်းကြောင့် ဖြစ်သည်။ တရုတ်က ထိုကျွန်းစုများကို သူပိုင်ဆိုင် သည်ဟု ကြေညာကာ ကျွန်းစုများ တစ်ဝိုက် ကင်းလှည့်ပြီး စောင့်ကြပ်နေခြင်း ဖြစ်သည်။

တရုတ်တို့က တောင်တရုတ် ပင်လယ်ပြင် အတွင်း ကုန်းမြေ ဧက ၂ဝဝဝ ကို ၂ဝ၁၄ ခုနှစ်က တောင်းဆိုထားပြီး ရေပြင်ပိုင်နက် ကိုလည်း ၉ဝ ရာခိုင်နှုန်း အထိ ပိုင်ဆိုင်လို နေသည်။ ထို့ကြောင့် တောင်တရုတ် ပင်လယ် ဆက်စပ်နိုင်ငံ များနှင့် အငြင်းပွား ကြသည်။ အငြင်းပွား နေဆဲမှာပင် တရုတ်က ပင်မထိန်းချုပ်မှု ရယူနိုင်ရန် ကျွန်းတုများ တည်ဆောက်ကာ စစ်အခြေစိုက် စခန်း တည်ဆောက်သည်။ ယင်း စစ်အခြေစိုက် စခန်းသည် ယခုတွင် သုံးပုံတစ်ပုံခန့် ပြီးနေပြီ ဖြစ်သောကြောင့် မကြာမီ ဖွင့်လှစ် နိုင်တော့မည် ဖြစ်သည်။ အမေရိကန်က ကျွန်းတုများ ဆောက်လုပ်မှုနှင့် စစ်အခြေစိုက် စခန်း ဆောက်လုပ်မှုကို ရပ်တန့်ရန် သတိပေးထားပြီး မရသည့် အဆုံး အမေရိကန်တို့ လုံခြုံရေး အကြောင်းပြပြီး တောင်တရုတ် ပင်လယ်ပြင်၌ ကင်းလှည့် တော့မည်။ ထိုအခါ အာရှကမ္ဘာ၌ သြဇာကြီးထွား လာနေသော တရုတ် ချိန်ခွင်လျှာကို ညှိလိုနေသည့် အမေရိကန် အတွက် ခေါင်းစဉ်ကောင်း ဖြစ်လာတော့သည်။

အမေရိကန်၏ ရည်ရွယ်ချက်မှာ ၂ဝ၂ဝ ပြည့်နှစ် အရောက် အာရှ - ပစိဖိတ်သို့ အမေရိကန်တပ်များ အလုံးအရင်းနှင့် နေရာဝင်ယူပြီး တရုတ်သြဇာကို ကန့်သတ်ရန် ဖြစ်သည်။ အကယ်၍ အမေရိကန်သာ တောင်တရုတ် ပင်လယ်ပြင် အရေး ပါဝင် လာပါက တရုတ်တို့ အနေအစား ကျုံ့သွားမည့် အရေးကို ကြိုသိ နေသောကြောင့် ယခု အချိန်တွင် တရုတ်ထိပ်တန်း ခေါင်းဆောင် များက အမေရိကန် အရေး ခေါင်းချင်းရိုက် ဆွေးနွေး နေကြမည်မှာ မလွဲဧကန်ပင် ဖြစ်ကြောင်း လေ့လာ ရေးသား လိုက်ရ ပါသည်။ ။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger