www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, April 5, 2015

ထိုင်းနိုင်ငံနှင့် ဆက်သွယ်မည့် အာဆီယံဒေသတွင်း ရထားလမ်းကွန်ရက်ကို ထားဝယ်မြို့မှ ဖောက်လုပ်မည်


ရန်ကုန်၊ ၅-၄-၂၀၁၅

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ ဆက်သွယ်မည့် အာဆီယံ ဒေသတွင်း ရထားလမ်း ကွန်ရက်ကို မြန်မာနိုင်ငံ ထားဝယ်မြို့မှ ထိုင်းနိုင်ငံသို့ ဖောက်လုပ်ရန် စီစဉ်လျက် ရှိကြောင်း မြန်မာ့ မီးရထားမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ရထား လမ်းပိုင်းကို ယခင်က မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ ဆက်သွယ်ရန် သံဖြူဇရပ်- ဘုရားသုံးဆူ လမ်းပိုင်းကို ဘုရားသုံးဆူ- နန်တုတ်လမ်း (ထိုင်း) လမ်းပိုင်းနှင့် ချိတ်ဆက်ရန် သဘောတူ ခဲ့သော်လည်း ထိုင်း- မြန်မာ ဆက်သွယ်မည့် လမ်းကြောင်း ကို ထားဝယ်မှ ဖူနမ်ရွမ် ၄င်းမှတစ်ဆင့် ထိုင်းနိုင်ငံ ကန်ချနာဘူရီ အထိ ဖောက်လုပ်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံနှင့် ဆက်သွယ်မည့် အာဆီယံ ဒေသတွင်း ရထားလမ်းကို ထားဝယ်- သံဖြူဇရပ်- မော်လမြိုင်မှ တစ်ဆင့် ပဲခူးမြို့ အထိ ချိတ်ဆက် သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ နှင့် ဆက်သွယ်သည့် ရထားလမ်းသည် ရွှေလီ- လားရှိုး မှတစ်ဆင့် မန္တလေး အထိ ဆောင်ရွက် နေသကဲ့သို့ အိန္ဒိယနိုင်ငံ နှင့် ဆက်သွယ် မည့်ရထားလမ်းကို တမူး-ကလေး-ချောင်းဦး မှတစ်ဆင့် မန္တလေးအထိ ချိတ်ဆက်ရန် လျာထားကြောင်း မြန်မာ့ မီးရထားမှ သိရသည်။

အဆိုပါ မြန်မာ- ထိုင်း အာဆီယံ ရထားလမ်း ကွန်ရက်မှာ ထားဝယ်မှ တောင်သုံးလုံး အထိ တောင်သုံးလုံးမှ ထီးခီးအထိ မြေသားလမ်း ရှိပြီးသော လမ်းကို ထပ်မံ ဖောက်လုပ်မည် ဖြစ်သဖြင့် ကုန်ကျစရိတ် သက်သာနိုင်ပြီး ထားဝယ် ရေနက်ဆိပ်ကမ်း ရှိနေသော ကြောင့် ရထားလမ်း ဖောက်လုပ်ပါက ဒေသဖွံ့ဖြိုးမှု နှင့် စီးပွားရေး အတွက် ပို၍ အဆင်ပြေ နိုင်ကြောင်း သိရသည်။

ထိုကဲ့သို့ ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် ရထားလမ်း ကွန်ရက်များကို တိုးချဲ့ ဖောက်လုပ်ခဲ့ရာ ရန်ကုန်- ပုသိမ် ရထားလမ်း စီမံကိန်း၊ ကသာ- ဗန်းမော် ရထားလမ်း စီမံကိန်းနှင့် မင်းဘူး- အမ်း ရထားလမ်း စီမံကိန်း များကို ဦးစားပေး ဖောက်လုပ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဆုလာဘ်

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger