www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 23, 2015

မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန် တွင် နော်ဝေ ၊ အီတလီ တို့နှင့် ပူးပေါင်းကာ ရေသယံဇာတဆိုင်ရာ သုတေသန ဆောင်ရွက်မည်


ရန်ကုန် ၊ ၂၃-၄-၂၀၁၅

မြန်မာ့ပင်လယ်ပြင် သီးသန့် စီးပွားရေးဇုန် (EEZ) တွင် နော်ဝေ၊ အီတလီ နှင့် မြန်မာတို့ ပူပေါင်းကာ ရေသယံဇာတ ဆိုင်ရာ သုတေသန လုပ်ငန်းများကို ၅၅ ရက်ကြာ ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာ အဖွဲ့ခေါင်းဆောင် ငါးလုပ်ငန်း ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းသိန်း ထံမှ သိရသည်။

မြန်မာ့ ပင်လယ်ပြင်တွင် ငါး သယံဇာတ လျော့နည်းမှုကို တိကျ သေချာမှု ရှိစေရန် နော်ဝေနှင့် အီတလီနိုင်ငံမှ သိပ္ပံပညာရှင် ၂၉ ဦးနှင့် မြန်မာ့ ရေလုပ်ငန်း ပညာရှင် ၁၂ ဦးတို့သည် ဧပြီ ၂၆ မှ ဇွန် ၁၉ ရက်ထိ ၅၅ ရက်ကြာ ပူးတွဲ သုတေသန ပြုလုပ်မည် ဖြစ်ကြောင်း ဒေါက်တာ ထွန်းသိန်း က ပြောသည်။

ထို့ကြောင့် နော်ဝေနိုင်ငံမှ ငါးလုပ်ငန်းဆိုင်ရာ သုတေသန သင်္ဘောသည် မြန်မာ့ ရေပိုင်နက် ပြင်ပ စီးပွားရေးဇုန် (EEZ) ၌ ငါးထုထည် ပမာဏကို ဧပြီ ၂၆ ရက် မှ စတင်ကာ သုတေသန ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သုတေသန သင်္ဘောသည် မြန်မာ့ ပင်လယ်ပြင် သီးသန့် စီးပွားရေးဇုန် (EEZ) ၌ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာ ၁၉ ရက်ထိ ၃၈ ရက်ကြာ သုတေသန ပြုခဲ့ပြီးဖြစ်ကာ ထိုကဲ့သို့ သုတေသန ပြုလုပ်ခဲ့စဉ်က မြန်မာ့ ရေပိုင်နက် ပြင်ပ စီးပွားရေးဇုန် (EEZ) ၌ တစ်နှစ်လျှင် ငါးတန်ချိန် တစ်သိန်းခန့်သာ ဖမ်းဆီး သင့်ကြောင်း ပညာရှင် ဒေါက်တာ ဖရစ်ဂျော့နစ်ဆင် က အကြံပေး ခဲ့ကြောင်း သိရသည်။

မြန်မာ့ ပင်လယ်ပြင်တွင် ငါး သယံဇာတ လျော့နည်း သွားခဲ့သည့် အတွက် ပင်လယ်ကြမ်းပြင် အောက်ရှိ သန္တာ ကျောက်တန်းနှင့် ငါးများ နေထိုင်ရာ သဘာဝ ကိုလည်း ဖြည့်စွက် လေ့လာမည် ဖြစ်ကြောင်း သိရသည်။

အိအိအောင်

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger