www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 28, 2015

လောက်ကိုင်မြို့တွင်း ၌ ကျပ်သိန်းပေါင်း ၂၇၇၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


လောက်ကိုင်မြို့အတွင်း ဖမ်းဆီးရမိ တရားခံများနှင့် မူးယစ်ဆေးဝါးများကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၈-၄-၂၀၁၅

လောက်ကိုင်ဒေသ အတွင်း တည်ငြိမ် အေးချမ်းရေး အတွက် တပ်မတော် စစ်ကြောင်းများက လုံခြုံရေး တာဝန်များ ထမ်းဆောင်လျက် ရှိပြီး တရားမဝင် မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချမှု မရှိစေရေး တို့အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့် ပူးပေါင်းကာ ရှင်းလင်း ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ရှင်းလင်း ဆောင်ရွက်လျက် ရှိရာ ဧပြီ ၂၅ ရက် နံနက်ပိုင်းတွင် လောက်ကိုင်မြို့၊ ရပ်ကွက်(၂)၊ အောက်ဈေး အနောက်ဘက်၊ ကလေး အားကစား စကိတ်ကွင်း အနီးရှိ လူနေ တိုက်တန်းကို ရှောင်တခင် စစ်ဆေးစဉ် ၄င်းလူနေ တိုက်တန်းအတွင်း မှ အမျိုးသား ၂၁ ဦး၊ အမျိုးသမီး နှစ်ဦး စုစုပေါင်း ၂၃ ဦးတို့အား ကာလတန်ဖိုး ကျပ်သိန်း ၁ဝဝ ခန့် ရှိသော အိုက်စ် သုည ဒသမ ၅ ကီလိုဂရမ်၊ ကာလတန်ဖိုး ကျပ်သိန်း ၂၆၁ဝ ခန့်ရှိသော WY စာတန်းပါ နီညိုရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၇၄ဝဝဝ ၊ ကာလတန်ဖိုး ကျပ်သိန်း ၆ဝ ခန့်ရှိသော နီညိုရောင် စိတ်ကြွ ရူးသွပ်ဆေးမှုန့် သုည ဒသမ ၃ ကီလိုဂရမ် နှင့် ကာလတန်ဖိုး ကျပ်လေးသောင်း ခန့်ရှိသော ဘိန်းဖြူမှုန့် သုည ဒသမ ၂ ဂရမ် စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၂၇၇ဝ ကျော် တန်ဖိုးရှိသော မူးယစ်ဆေးဝါးများ နှင့်အတူ ဖမ်းဆီး ရမိသည်။

ဖမ်းဆီးရမိသော ပြစ်မှု ကျူးလွန် သူများနှင့် မူးယစ်ဆေးဝါး များကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger