www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, April 26, 2015

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သဘောထားထုတ်ပြန်ချက်


နေပြည်တော် ၊ ၂၆-၄-၂၀၁၅

၂ဝ၁၅ ခုနှစ်၊ ဧပြီ ၂၅ ရက်နေ့ထုတ် Daily Eleven နေ့စဉ် သတင်းစာ၏ ရှေ့မျက်နှာဖုံး စာမျက်နှာတွင် ''ဧပြီ ၂၃ ရက် လောက်ကိုင် ဒေသ တိုက်ပွဲဖြစ်စဉ် တွင် တပ်မတော် တပ်ရင်းတစ်ခု ကိုးကန့်အဖွဲ့၏ နယ်မြေအတွင်း ကျွံဝင်သွားပြီး ထိခိုက် သေဆုံးမှု များပြားဟု အတည်မပြု နိုင်သေးသော သတင်းများ ထွက်ပေါ်နေ'' ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ် ဖော်ပြခဲ့ ပါသည်။

ယင်း သတင်းဓာတ်ပုံ တွင်လည်း Zhengyi Kokang အမည်ရှိ Facebook စာမျက်နှာမှ ဖော်ပြထားချက် အချို့ဟု ပုံစာတပ်ပြီး တပ်မတော်မှ လက်နက်/ ခဲယမ်းများ၊ တပ်မတော်သား သုံ့ပန်း ဓာတ်ပုံများအား ဖော်ပြထားပြီး ယင်း Facebook ပါ အကြောင်းအရာ အချက်အလက် များကိုပါ ထည့်သွင်း ရေးသား ဖော်ပြ ထားပါသည်။

တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အနေဖြင့် လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်စဉ်များ အပါအဝင် ထုတ်ပြန် ပေးနိုင်သည့် တပ်မတော်နှင့် ပတ်သက်သော သတင်း အချက်အလက် များကို မြဝတီ ရုပ်မြင်သံကြား၊ သဇင် ရေဒီယို၊ သဇင် FM ၊ မြဝတီသတင်းစာ၊ မြဝတီ Webportal အပါအဝင် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)၊ နိုင်ငံပိုင် သတင်း မီဒီယာများ၊ ပုဂ္ဂလိက သတင်း မီဒီယာများနှင့် ပါ ဆက်သွယ် ထုတ်ပြန် ပေးလျက် ရှိပါသည်။ 

ယခုကဲ့သို့ ခိုင်မာမှု မရှိသော ပြည်ပ Facebook တစ်ခုအား ကိုးကား၍ Daily Eleven နေ့စဉ် သတင်းစာတွင် ထည့်သွင်း ဖော်ပြမှုသည် သတင်းစာ ကျင့်ဝတ်နှင့် ကိုက်ညီမှု မရှိသည့်အပြင် နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေး နှင့် တရားဥပဒေ စိုးမိုးရေး တာဝန်များကို ပေးဆပ်မှု များစွာဖြင့် ထမ်းဆောင် နေသည့် တပ်မတော်သား များ၏ ဂုဏ်သိက္ခာနှင့် စိတ်ဓာတ်ကို ထိခိုက် စေသဖြင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်သည်၊ မိသားစုများ ကိုယ်စား ပြင်းထန်စွာ ကန့်ကွက်ပါကြောင်း သဘောထား ထုတ်ပြန်အပ် ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger