www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 2, 2015

ကြက်ဥအကာမှ ပရိုတိန်းကို အသုံးပြုကာ ဇီဝပလတ်စတစ် ထုတ်လုပ်ရန်စီစဉ်


ကြက်ဥအကာမှ ဗက်တီးရီးယား မကူးစက်နိုင်သည့် ဇီဝပလတ်စတစ် ထုတ်ယူမည်

ထွိုင်လိုင်ဆီး ၊ ၂-၄-၂၀၁၅

ကြက်ဥအကာမှ ရရှိသော ပရိုတိန်းဖြင့် ပြုလုပ်ထားသည့် ဇီဝပလတ်စတစ် သည် ဗက်တီးရီးယား မကူးစက်အောင် ကာကွယ် ပေးနိုင်သည်ကို တွေ့ရှိရသည့် အတွက် အနာဂတ်တွင် အနာဒဏ်ရာ များကို ဆေးထည့်ရာတွင် လည်းကောင်း၊ ချုပ်ရိုးချုပ်ခြင်း၊ ဆေးထိုးပိုက် တပ်ဆင်ခြင်း အစရှိသည် တို့ကို ဇီဝ ပလတ်စတစ် အသုံးပြု သွားရန် စီစဉ်ဆောင်ရွက် နေပြီဖြစ်ကြောင်း ဂျော်ဂျီယာ ဆေးတက္ကသိုလ် မှ သုတေသီ များက ပြောပြသည်။

မွေးကင်းစ ကလေးများ အတွက် အသုံးပြုရသော ဆေးနှင့် ကျန်းမာရေး ပစ္စည်းများတွင် ပလတ်စတစ်များ ပါဝင်ပြီး ၄င်း ပလတ်စတစ် များသည် ဗက်တီးရီးယား ကူးစက်မှုကို ကာကွယ် မပေးနိုင်သည့် အပြင် ဗက်တီးရီးယားပိုး သယ်ဆောင်ရာ အရင်းအမြစ်များ ဖြစ်နိုင်သည့် အတွက် မွေးကင်းစ ကလေးများ၊ ခွဲစိတ် လူနာများ အစရှိသည့် အရေးကြီး လူနာများတွင် ပလတ်စတစ် ပါဝင်သော ကျန်းမာရေးနှင့် ဆေးပစ္စည်း များကို အသုံးမပြုရန် အနောက်နှင့် ဥရောပတိုက် နိုင်ငံများတွင် တားမြစ်ချက် ထုတ်ပြန်ခဲ့ကြောင်း၊ သုတေသီ များသည် ပလတ်စတစ်ကို သမားရိုးကျ မဟုတ်သော နည်းဖြင့် ထုတ်လုပ်ရန် ပရိုတိန်း သုံးမျိုးကို စမ်းသပ်ခဲ့ရာ ကြက်ဥအကာ၊ ဒိန်ချဉ်၊ ပဲပုပ်စေ့တို့မှ ပရိုတိန်းတို့ကို ပလတ်စတစ်တွင် ပါဝင်သော ရေနံထွက် ပစ္စည်းကို အစားထိုး အသုံးပြုနိုင်ရန် စမ်းသပ်ခဲ့သည်။

သမားရိုးကျ ပလတ်စတစ် တွင် ပါဝင်သော ရေနံပစ္စည်းသည် ညစ်ညမ်းမှုကို ဖြစ်စေသည့် အပြင် ဗက်တီးရီးယား ကိုလည်း သယ်ဆောင် ပေးနိုင်ကြောင်း သိရသည်။ ထိုသို့ စမ်းသပ်ရာတွင် ကြက်ဥအကာ ဘာအယ်လ်ဘူမင် ပရိုတိန်း သည် ပလတ်စတစ် ပစ္စည်း ဂလစ်စရော နှင့် ပေါင်းစပ်မိသော အခါ အလွန် အစွမ်းထက်သော ဗက်တီးရီးယား ရှင်းလင်း နိုင်သည့် အစွမ်းသတ္တိ ဖြစ်ပေါ် လာသည်ကို တွေ့ရှိခဲ့ရပြီး ၄င်း ပလတ်စတစ် ပေါ်တွင် မည်သည့် ဗက်တီးရီးယား မှ ရှင်သန် ပေါက်ဖွားနိုင်ခြင်း မရှိသည်ကို တွေ့ရှိခဲ့ကြောင်း သုတေသီ တစ်ဦးဖြစ်သူ အဲလက်စ်ဂျုံးစ် က ပြောပြသည်။

ယခုတီထွင် ထုတ်လုပ်လိုက်ပြီ ဖြစ်သော ဇီဝပလတ်စတစ် သည် ဗက်တီးရီးယား ကူးစက်မှု အန္တရာယ်ကို ၁ဝဝ ရာခိုင်နှုန်း ကာကွယ်ပေးပြီး ကိုယ်တိုင်လည်း ပရိုတိန်း တစ်မျိုးသာ ဖြစ်သည့်အတွက် မြေတွင် မြှုပ်နှံလိုက်လျှင် အလိုအလျောက် ပျက်စီး ပျောက်ကွယ် သွားနိုင်မည် ဖြစ်သည့်အတွက် သမားရိုးကျ ပလတ်စတစ်ကို အပြည့်အဝ အစားထိုး နေရာယူ လာဖွယ် ရှိကြောင်း သိရသည်။

An Antibacterial Plastic Made From Egg Whites

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger